ဂျမူးဒေသတွင် မိုးလေဝသတိုင်းတာရေး နည်းပညာသစ် ပစ္စည်းများ တပ်ဆင်

ဂျမူးဒေသတွင် မိုးလေဝသတိုင်းတာရေး နည်းပညာသစ် ပစ္စည်းများ တပ်ဆင်

နောက်ဆုံးပေါ် မိုးလေဝသတိုင်းတာလေ့လာရေးရေဒါတစ်မျိုးဖြစ်သည့် Doppler Weather Radar (DWR) နှင့် ဂျီပီအက်စ် နည်းပညာအခြေခံ ပြည်တွင်းထုတ် Pilot Sonde လေတိုက်နှုန်းကိရိယာတို့အား ဂျမူးဒေသရှိ အိန္ဒိယမိုးလေဝသဌာနတွင် စက်တင်ဘာ ၅ ရက်က တပ်ဆင်သည့် အခမ်းအနားသို့ သိပ္ပံနှင့် နည်းပညာဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဂျီတင်ဒရာဆင်း တက်ရောက်ခဲ့သည်။

ဝန်ကြီးချုပ် နာရင်ဒရာမိုဒီအစိုးရလက်ထက်တွင် ဂျမူးဒေသသည် အိန္ဒိယ၏ ကြီးမားသော သိပ္ပံပညာဆိုင်ရာ ခုန်ကျော်မှုရဲ့ တစ်စိတ်တစ်ဒေသ ဖြစ်လာကြောင်းနှင့် လွန်ခဲ့သော နှစ်များအတွင်း သိပ္ပံပညာရပ်ဆိုင်ရာ လုပ်ငန်းများ တည်ထောင်ခဲ့သည့် ဒေသတစ်ခုဖြစ်လာကြောင်းလည်း ဝန်ကြီးက ပြောကြားခဲ့သည်။

“ဒီနေ့တပ်ဆင်လိုက်တဲ့ X-Band DWR ရေဒါစနစ်ဟာ ဂျမူးဒေသကို ကျရောက်လာမယ့် မိုးလေဝသအခြေအနေ တွေကို အချိန်နဲ့ တစ်ပြေးညီ စောင့်ကြည့်ပေးသွားနိုင်မှာ ဖြစ်သလို စိုက်ပျိုးရေးနဲ့ ခရီးသွားလုပ်ငန်းအပါအဝင် ကဏ္ဍအများအပြားမှာ မိုးလေဝသခန့်မှန်းချက်တွေအတွက် အထောက်အကူရစေမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

“အချိန်နှင့် တစ်ပြေးညီ စောင့်ကြည့်ခြင်းအပြင် ဂျမူးနှင့် ကက်ရှ်မီးယားဒေသရှိ ပြည်သူများအတွက် ပိုမိုကောင်းမွန် သည့် မိုးလေဝသဝန်ဆောင်မှုများအား ပေးနိုင်မည်ဖြစ်သည့်အပြင် ပိုမိုကောင်းမွန်သည့် ခန့်မှန်းချက်များ လုပ်ဆောင်ရန် ကိန်းဂဏန်းများကိုလည်း ပေးနိုင်မှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပုဂ္ဂလိကသို့ အာကာသနည်းပညာနှင့် အခြားကဏ္ဍများအား ပုဂ္ဂလိကသို့ ခွင့်ပြုပေးရေးအတွက် ဝန်ကြီးချုပ်၏ ဆုံးဖြတ်ချက်ကို ကိုးကားလျက် ယခု စနစ်များ တပ်ဆင်လိုက်ခြင်းသည် ပြည်သူတို့ ဘဝအဆင်ပြေစေရန်နှင့် ပုဂ္ဂလိက ကဏ္ဍအတွက် လွယ်ကူသော ပတ်ဝန်းကျင် ဖြစ်စေမည်သာမကဘဲ နိုင်ငံတွင် သိပ္ပံညာတိုးတက်ဖွံ့ဖြိုးမှုကိုလည်း အထောက်အပံ့ ဖြစ်စေမည်ဟု ဆင်းက ပြောကြားသည်။

ဝန်ကြီးဌာနနှင့် သိပ္ပံပညာဆိုင်ရာ ဌာနများသို့ ဘတ်ဂျက်အမြင့်ဆုံး ခွင့်ပြုပေးခြင်းဖြင့် ဝန်ကြီးချုပ်က သိပ္ပံပညာဖွံ့ဖြိုးရေးကို အဓိကဦးစားပေးသလို နိုင်ငံ၏ သိပ္ပံနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် အတားအဆီးအဟန့်အတားများဖြစ်စေသည့် ထုံးတမ်းစဉ်လာများကို ဖယ်ရှားထားကြောင်း ဝန်ကြီးဆင်းက ပြောကြားသည်။

နိုင်ငံ၏ ပထမဆုံး ဒီအင်န်အေအခြေခံ ကိုဗစ်-၁၉ ကာကွယ်ဆေးနှင့် ပတ်သက်၍ ဆင်းက “ကမ္ဘာ့ပထမဆုံး ဖြစ်တဲ့ အိန္ဒိယနိုင်ငံထုတ် ဒီအင်န်အေအခြေခံ ကိုဗစ်-၁၉ ကာကွယ်ဆေးကို အသုံးပြုဖို့ အစိုးရက ခွင့်ပြုနိုင်ခဲ့ ခြင်းဟာ ဟာရာနာပြည်နယ်၊ ဖာရီဒါဘတ်မြို့တော်ရှိ ကျန်းမာရေးဆိုင်ရာ သိပ္ပံနှင့် နည်းပညာဌာန (THSTI) ရဲ့ အောင်မြင်မှုတစ်ခု ဖြစ်ပါတယ်” ဟု ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly