စမ်းချောင်းတွင် ပေါက်ကွဲသံနှင့် ပစ်ခတ်သံများကြားရ

စမ်းချောင်းတွင် ပေါက်ကွဲသံနှင့် ပစ်ခတ်သံများကြားရ

စက်တင်ဘာ ၉

ရန်ကုန်တိုင်း ဒေသကြီးစမ်းချောင်းတွင် ပေါက်ကွဲသံနှင့် ပစ်ခတ်သံများ ကြားရကြောင်း ယင်းမြို့နယ်တွင် နေထိုင်သူများထံမှ သိရသည်။

ယနေ့ ညနေ ၄ နာရီကျော်က ပစ်ခတ်သံများကြားရခြင်းဖြစ်ပြီး မည်သည့်နေရာတွင် ဖြစ်ပွားခြင်းကို အတည်မပြုနိုင်သေးပေ။

" ပစ်တာက လေးငါးချက် ဆက်တိုက်ကြားရတယ်။ ပြီးတော့ ပေါက်ကွဲသံလည်း ကြားတယ်။ ပေါက်ကွဲသံကြားပြီးတော့ သေနတ်နဲ့ပစ်တဲ့အသံတွေ ထပ်ကြားရတယ်။ စမ်းချောင်းထဲက ဆိုင်တွေတချို့တော့ ပိတ်ကုန်ပြီ။ ဘယ်နေရာလဲဆိုတာတော့ မသိသေးဘူး" ဟု စမ်းချောင်းတွင် နေထိုင်သူ တစ်ဦးကပြောကြားသည်။

ဆက်လက်ဖော်ပြသွားပါမည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly