NUG ယာယီသမ္မတ ဒူဝါလရှီးလနေအိမ် စစ်ကောင်စီတပ်ဝင်ရှာဖွေ

NUG ယာယီသမ္မတ ဒူဝါလရှီးလနေအိမ် စစ်ကောင်စီတပ်ဝင်ရှာဖွေ

စက်တင်ဘာ ၉

လားရှိုးမြို့ရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ယာယီသမ္မတဒူဝါလရှီးလနေအိမ်ကို စစ်ကောင်စီတပ်များက စက်တင်ဘာလ ၇ ရက်ညပိုင်းက ဝင်ရောက်ရှာဖွေမှုပြုလုပ်ခဲ့ကြောင်း အိမ်နီးချင်းများအပြောအရသိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း လားရိူးမြို့ ရပ်ကွက် (၁) မှာရှိသည့် ယာယီသမ္မတ နေအိမ်သို့ ရဲ၊စစ်သား အင်အား အလုံးအရင်းဖြင့် ဝင်ရောက်ရှာဖွေခဲ့ပြီး နေအိမ် တံခါးမဖွင့်ပေးသဖြင့် ခြံတံခါးကျော်ဝင်ခဲ့ကြသည်။

"စုစုပေါင်း ကားငါးစီးလာတယ်ထင်တယ်ဗျ၊ ညဆိုတော့သေချာတော့ မတွေ့ ရဖူး၊အရင်ကတည်းကအဲ့အိမ်ကိုလာစောင့်ကြည့်နေတာသတိထားမိတယ်၊ အဲ့ညကတော့ခြံကျော်ဝင်သွားတယ်၊ အဖမ်းခံရတဲ့သူရှိမရှိတော့မသိဘူးခင်ဗျ "ဟု အိမ်နီးချင်းတစ်ဦးက ပြောသည်။

ဒူဝါလရှီးလသည် ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်အာဏာမသိမ်းခင်က လားရိူး မြို့တွင် နေထိုင်ခဲ့သည်။

သမ္မတကြီးက စက်တင်ဘာ ၇ ရက်နေ့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး နိုင်ငံ တစ်ဝှမ်း လှည်းနေလှေအောင်း မြင်းစောင်းမကျန် တော်လှန်ရေး စတင်ပြီဟု အကြမ်းဖက်စစ်ကောင်စီအပေါ် စစ်ကြေညာခဲ့သည်။

အဆိုပါကြေညာချက်တွင် ပြည်သူ့ကာကွယ်ရေး PDF တပ်များကို သက်ဆိုင်ရာ နယ်မြေများအတွင်း စစ်အာဏာရှင်နှင့် ဒေါက်တိုင်များကို ပစ်မှတ်ထား ထိန်း ချုပ်ရန်မှာကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly