ဒီချုပ်အစိုးရဖွဲ့ပြီးပါက NCA လက်မှတ်မထိုးထားသည့် လက်နက်ကိုင်အဖွဲ့များနှင့် အမြန်ဆုံးတွေ့ဆုံမည်

ဒီချုပ်အစိုးရဖွဲ့ပြီးပါက NCA လက်မှတ်မထိုးထားသည့် လက်နက်ကိုင်အဖွဲ့များနှင့် အမြန်ဆုံးတွေ့ဆုံမည်

နေပြည်တော် ၊ဒီဇင်ဘာ ၁၆။           ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သည့် အစိုးရဖွဲ့စည်းပြီးပါက ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)တွင် လက်မှတ်ရေးထိုးထားခြင်း မရှိသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း များနှင့် အမြန်ဆုံးတွေ့ဆုံမည်ဖြစ်ကြောင်း ယင်းအဖွဲ့ချုပ်မှ ဗဟိုအလုပ်မှုဆောင် ဦးဝင်းထိန်ကပြောသည်။

“ဒီလက်မှတ်မထိုးတဲ့ အဖွဲ့တွေကို အမြန်ဆုံးလက်မှတ်ထိုးပြီးတော့ သူတို့နဲ့ နားလည်မှုရအောင် တည် ဆောက် မယ်၊တည်ဆောက်ပြီးတော့မှ နောက်တဆင့်က နိုင်ငံရေးဆွေးနွေးပွဲတွေစမှာပါ“ ဟု ၎င်းကပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ရွေးကောက်ပွဲတွင် အနိုင်ရနိုင်ခဲ့ပြီးနောက် လွှတ်တော်လုပ်ငန်း တာဝန်များ၊ တိုင်းနှင့်ပြည်နယ်များမှ အစိုးရအဖွဲ့လုပ်ငန်းတာဝန်များ အချိန်ယူပြီးလုပ်ဆောင်   နေရခြင်း ကြောင့် မည်သည့်အချိန်တွင် တွေ့မည်ဆိုသည်ကို ပြော၍ မရသေးကြောင်း ဦးဝင်းထိန်ကဆိုသည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းကြောင်းနှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည် ဆောက်ရေးသည်  ဖွဲ့စည်းပုံအခြေခံဥပဒေပြင်မှ ရမည်ဖြစ်ကြောင်းနှင့် တိုင်းရင်းသားအဖွဲ့များ   နှင့်တွေ့ဆုံမှုများသည် လည်း တပြိုင်နက်ပြုလုပ်မှ ရမည်ဖြစ်ကြောင်းလည်း ဦးဝင်းထိန်ကပြောသည်။

ဒေါ်အောင်ဆန်းဆုကြည်သွားနေသည့် အမျိုးသားပြန်လည်သင့်မြတ်ရေးသည် လက်ရှိ ဦးသိန်း စိန်အစိုး ရ အပါဝင် တပ်မတော်၊တိုင်းရင်းသားများ၊တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ ပါတီများ နှင့် နိုင်ငံသား အားလုံးကို ပါဝင်စေချင်သည့် ဆန္ဒရှိကြောင်း အမျိုးသားဒီမိုကရေစီအအဖွဲ့ချုပ်၏ ဗဟိုအလုပ်မှုဆောင် ဦးဝင်း ထိန်က ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly