တာလီဘန်နှင့် ပါကစ္စတန် ဆက်စပ်မှုအား ပြောဆိုချက်ကို ဘီဘီစီအစီအစဉ်တင်ဆက်သူက ဖြတ်တောက်လိုက်ခြင်းအပေါ် တွစ်တာတွင် ဝေဖန်မှုများ ဖြစ်ပေါ်

By Just Earth News
09 September 2021
တာလီဘန်နှင့် ပါကစ္စတန် ဆက်စပ်မှုအား ပြောဆိုချက်ကို ဘီဘီစီအစီအစဉ်တင်ဆက်သူက ဖြတ်တောက်လိုက်ခြင်းအပေါ် တွစ်တာတွင် ဝေဖန်မှုများ ဖြစ်ပေါ်

ဘီဘီစီ၏ ဖိတ်ခေါ် ဆွေးနွေးပွဲ ရုပ်သံအစီအစဉ်တစ်ခုတွင် လာရောက်ပါဝင်ခဲ့သည့် အမေရိကန်ပညာရှင် ခရစ္စတင်းဖဲယားက အာဖဂန်နစ္စတန်အရေးတွင် ပါကစ္စတန်နှင့် တာလီဘန်တို့အကြား ဆက်စပ်မှုကို ထုတ်ဖော်ပြောဆိုမှုအား သတင်းတင်ဆက်သူ ဖိလစ်သောမတ်စ်က ဖြတ်တောက်ကြောင်းကို လူမှုမီဒီယာတွင် ဝေဖန်မှုများ ဖြစ်ပေါ်ခဲ့သည်။

“ပါကစ္စတန်က ဆိုးကျိုးတွေကို ဘယ်တုန်းကမှ မစဉ်းစားခဲ့ဘူး။ အိန္ဒိယမှာ ရှက်စရာကောင်းတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကိုပဲ ကြည့်ကြည့်၊ ၁၉၉၀ ခုနှစ်နောက်ပိုင်း တာလီဘန်တွေကို ပံ့ပိုးခဲ့တာပဲ ကြည့်ကြည့် အကုန်လုပ်ခဲ့တယ်။ ပါကစ္စတန်က အကြမ်းဖက်သမားတွေကို သူတို့နိုင်ငံထဲမှာ ခိုလှုံခွင့်ပေးတဲ့အပေါ်မှာ သူတို့ မျှော်လင့်ချက်က…….” ဟု ဖဲယား ပြောဆိုနေချိန်တွင် အစီအစဉ်တင်ဆက်သူ ဖဲယားက အသံကို ဖြတ်တောက်လိုက်ခြင်းဖြစ်သည်။

ယင်းအစီစဉ်အား ယခုအခါ လူမှုဒီဒီယာတွင် ဖော်ပြထားသည်။

ပြောဆိုမှုအား ဖြတ်တောက်ခွင့်နှင့် ပတ်သက်၍ အစီအစဉ်တင်ဆက်သူက “ရှင်ရဲ့ အမြင်ကို ဖော်ပြခွင့်ပေးပြီးပါပြီ၊။ အခုတော့ အဲဒါကို ထားလိုက်ပါ” ဟု ပြောကြားသည်။

ဖဲယားက အစီအစဉ်တင်ဆက်သူအား “ခင်ဗျားတို့က သူတို့ရဲ့ ဝါဒဖြန့်ချိရေးကို လုပ်နေတာပဲ” ဟု ပြောကြားသည်။

တွစ်တာအသုံးပြုသည့် ထင်ရှားကျော်ကြားသူများက ဘီဘီစီ၏ လုပ်ဆောင်ချက်ကို ဝေဖန်ခဲ့သည်။

အမေရိကန်နိုင်ငံဆိုင်ရာ ပါကစ္စတန်သံအမတ်ကြီးဟောင်းနှင့် ယခုအခါ Hudson Institute ၏ ဗဟိုအာရှရေးရာဌာန၏ ညွှန်ကြားရေးမှူးဖြစ်သူ ဟူစိန်ဟက်ကာနီက “ဖိလစ်က ဘာလို့ အခုလို ဖြတ်ပစ်ရတာလဲ။ သူမအနေနဲ့ ပါကစ္စတန်တာဝန်ရှိသူတွေကို ဖိတ်ပြီး သူတို့ရဲ့ အမြင်ကို ပြောခိုင်းရင်လည်း ရတာပဲ။ သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ လူအများအပြားက ခရစ္စတင်း ဖဲယားလိုပဲ အမြင်ရှိတယ်ဆိုတာ အစီအစဉ် တင်ဆက်သူတစ်ဦးအနေနဲ့ သူသိသင့်တယ်” ဟု တွစ်တာတွင် ရေးထားသည်။

အိန္ဒိယဂျာနယ်လစ် ဆူဟာဆီနီကဟိုင်ဒါက “ပါကစ္စတန်က တာလီဘန်တွေကို ကူညီတာနဲ့ ပတ်သက်လို့ ငြင်းမယ်ဆိုတာ မသေချာပါဘူး။ တကယ်တော့ အမေရိကန်နဲ့ ပူးပေါင်းပြီး တာလီဘန် (မူဂျာဟစ်ဒင်)တွေကို ထူထောင်ခဲ့တယ်ဆိုတာလည်း မကြာခဏ ပြောထားပါတယ်” ဟု ပြောကြားသည်။

ဂျာနယ်လစ်တစ်ဦးဖြစ်သူ ဘာခါဒတ်ကလည်း “ခရစ္စတင်းဖဲယားကို အသံဖြတ်ပစ်တာ ဘီဘီစီမှားပါတယ်” ဟု ၎င်း၏ တွစ်တာတွ် ရေးသားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly