မြောက်ကိုရီးယားပုံစံ ဝါဒဖြန့်ချိမှုများပါသည့် ကျောင်းသုံးစာအုပ်များကြောင့် ကျောင်းသားမိဘများက သမ္မတရှီကျင့်ဖျင်ကို ကန့်ကွက်

မြောက်ကိုရီးယားပုံစံ ဝါဒဖြန့်ချိမှုများပါသည့် ကျောင်းသုံးစာအုပ်များကြောင့် ကျောင်းသားမိဘများက သမ္မတရှီကျင့်ဖျင်ကို ကန့်ကွက်

တရုတ်ပြည်တွင် မြောက်ကိုရီးယားပုံစံ အစိုးရကို ထောက်ခံသည့် ဝါဒဖြန့်ချိရေး အကြောင်းအရာများပါသည့် ကျောင်းသုံးစာအုပ်များအား ကျောင်းသားများကို ပေးခဲ့ခြင်းကြောင့် သမ္မတရှီကျင့်ဖျင်သည် မိဘများ၏ ဆန့်ကျင်ကန့်ကွက်မှုကို ရင်ဆိုင်နေရသည်။

တရုတ်ခေါင်းဆောင်ကြီး၏ ပုံများနှင့် ကိုးကားချက်များပါဝင်သော ကျောင်းသုံးစာအုပ် အသစ်ကို ဖြန့်ဝေလိုက်ခြင်းကြောင့် ယခုကဲ့သို့ ဝေဖန်မှုများ လုပ်ဆောင် လာခြင်း ဖြစ်သည်။

France 24 ရုပ်သံလိုင်းမှ အစီအစဉ် တင်ဆက်သူများဖြစ်သည့် ဗစ်တာမောလက်နှင့် လီဆွန်မာ တို့က ဝါဒဖြန့်မှုသည် တရုတ်အာဏာရှင်ဟောင်း မော်စီတုံးခေတ်က သုံးခဲ့သည့်ပုံစံနှင့် ဆင်တူသည်ဟု ဆိုသည်။

သမ္မတရှီ၏ ဝါဒဖြန့်ချိရေးအတွက် ကလေးငယ်များကို ပစ်မှတ်ထားခြင်းကြောင့် တရုတ်မိဘများက ဒေါသတကြီး တုံ့ပြန်ခဲ့ကြကြောင်း ဗစ်တာမောလက်က ပြောကြားခဲ့သည်။

"ဒါက မော်စီတုံးကို တကယ် သတိရစေပါတယ်" ဟု France 24 သို့ လီဆွန်မာက ပြောကြားခဲ့သည်။

“ ဒါက မော်ဝါဒီခေတ်ကို ပြန်သွားသလိုပါပဲ။ ဒါက မြောက်ကိုရီးယားပုံစံမျိုးပါ” ဟု ဗစ်တာမောလက်က ပြောကြားခဲ့သည်။

“ဒါပေမယ့် တရုတ်ပြည်မကြီးကလူတွေကို နာမည်မဖော်ဘဲ ကိုးကားပြီးပြောရမယ်ဆိုရင် သူတို့က အတော်လေး ရွံမုန်းမိတယ်လို့ ပြောကြပါတယ်။ ဒီလိုအဓိပ္ပာယ်မရှိတဲ့ အရာမျိုးကို ၁၀နှစ်သားကလေးတွေကို သင်ပေးတာမျိုးကို မလိုလားကြပါဘူးလို့ ဆိုကြပါတယ်“

“ ဒီကိစ္စက တရုတ်နိုင်ငံသားတွေကြားမှာ လူကြိုက်များမယ်လို့တော့ ကျွန်တော် လုံးဝမထင်ပါဘူး” ဟု France 24 ၏ ပါရီဗျူရိုအကြီးအကဲက ပြောကြားခဲ့သည်။

တရုတ်ကျောင်းသားကလေးများ အုပ်စုလိုက်စစ်ရေးလေ့ကျင့်နေသည့် ဗီဒီယိုတစ်ခု ပေါ်ထွက် လာပြီးနောက် ကျောင်းသုံးစာအုပ်ကိစ္စ ထွက်ပေါ်လာခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly