မွတ်စလင်များကို ပစ်မှတ်ထားကာ ကမ္ဘာပျက်ကပ်အလွန်က ကျွန်ပြည်နယ် ကို ဖန်တီးနေကြောင်း တရုတ်ကို စွပ်စွဲ

By express.co.uk
09 September 2021
မွတ်စလင်များကို ပစ်မှတ်ထားကာ ကမ္ဘာပျက်ကပ်အလွန်က ကျွန်ပြည်နယ် ကို ဖန်တီးနေကြောင်း တရုတ်ကို စွပ်စွဲ

သိပ္ပံဝတ္ထုတစ်ပုဒ်မှ တိုက်ရိုက်လာသကဲ့သို့ နည်းပညာအသုံးချသည့် အာဏာရှင်နိုင်ငံတစ်ခုကို တရုတ်က ဖန်တီးနေကြောင်း အမေရိကန် ဂျာနယ်လစ်တစ်ဦးက ပြောကြားခဲ့သည်။

နည်းပညာကျွမ်းကျင်သူ ဂျက်ဖရီကိန်းက ယခုကဲ့သို့ မှတ်ချက်ပြုခြင်းဖြစ်ပြီး တရုတ်အစိုးရသည် ဝီဂါနှင့် အခြားမွတ်စလင်လူနည်းစုများကို ပစ်မှတ်ထားသည့် ကြီးမားသော ဉာဏ်ရည်တုကွန်ရက် တစ်ခုကို ဖန်တီးခဲ့သည်ဟု သတိပေးခဲ့သည်။

တရုတ်နိုင်ငံအနောက်ပိုင်း ရှင်ကျန်းဒေသရှိ အကျဉ်းစခန်းများတွင် မွတ်စလင် ၁ သန်းကျော်ကို ဖမ်းဆီး ထိန်းသိမ်းထားသည်ဟု ဆိုကြသည်။

ဂျက်ဖရီကိန်းသည် ‘အကြွင်းမဲ့ ရဲ နိုင်ငံတော်--တရုတ်၏ ကြောက်မက်ဖွယ်စောင့်ကြည့်နေသည့် အနာဂတ် အာဏာရှင်နိုင်ငံတော်ကို ဖော်ထုတ်ခြင်း ခရီးရှည်တစ်ခု' ဟူသည့် စာအုပ်ကို ရေးသားခဲ့သူ ဖြစ်သည်။

တရုတ်ကွန်မြူနစ်ပါတီ (CCP) သည် အထူးသဖြင့်အဆင့်မြင့်ဉာဏ်ရည်တု (AI) နည်းပညာကဲ့သို့သော နောက်ဆုံးပေါ် နည်းပညာများအသုံးပြုပြီး လူ့သမိုင်းတွင် အဆိုးဆုံး ရဲနိုင်ငံတော်ကို မည်ကဲ့သို့ ဖန်တီးနေသည်ကို ယင်းစာအုပ်တွင် ရှင်းပြသည်။

တရုတ်၏ မွတ်စလင်လူနည်းစုများသည် မုတ်ဆိတ်ထားခြင်း သို့မဟုတ် ပြည်ပတွင် ဆွေမျိုးများရှိခြင်းကဲ့သို့ သောအကြောင်းပြချက်ဖြင့် အဖမ်းခံရနိုင်သည်။

ရှင်ကျန်းသို့ သွားရောက်ခဲ့သည့် နောက်ဆုံးခရီးစဉ်နှင့် ပတ်သက်ပြီး သူက“တရုတ်ရှင်းကျန်းပြည်နယ်ကို မကြာသေးမီက သွားရောက်ခဲ့တဲ့ ခရီးစဉ်တွေအနက် ၂၀၁၇ ခုနှစ် ဒီဇင်ဘာမှာ ကြောက်ရွံ့ ထိတ်လန့်စရာ အကောင်းဆုံးကတော့ ဝီဂါတွေရဲ့ သမိုင်းတွင် အမြတ်တနိုးထားတဲ့ ကက်ရှ်ဂါမြို့ကို ရောက်သွားခဲ့တုန်းကပါ။

“ ဒီနေရာမှာ လွန်ခဲ့တဲ့ဆယ်စုနှစ်တွေက နျူကလီးယားစစ်ပွဲတစ်ခုဖြစ်ပွားခဲ့သလိုပါပဲ၊ တရုတ်အစိုးရက ကျွမ်းကျင်စွာ ချုပ်ကိုင်ထားတဲ့ နည်းပညာတွေကြောင့်ဒီနေရာက ကမ္ဘာပျက်ကပ်အလွန်က ကျွန်ပြည်နယ်တစ်ခုလို ပိတ်မိနေတဲ့ လူ့အဖွဲ့အစည်းလိုပါပဲ။

““အစိုးရက ကင်မရာတွကို နေရာတိုင်းမှာတပ်ဆင်ထားပါတယ်။

တရုတ်အစိုးရသည်“ စမတ်ဖုန်းများ၊ အက်ပ်လီကေးရှင်းများ၊ ဝယ်ယူမှုများ၊ ကလစ်နှိပ်ခြင်းများ၊ စောင့်ကြည့် ကင်မရာများ” မှ အချက်အလက်များကိုစုဆောင်းနေပြီး ယင်းတို့ကို ပေါင်းစည်းလုပ်ဆောင်မှု စနစ် (IJPO) ထဲသို့ ပေါင်းထည့်လိုက်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly