ပါကစ္စတန်တာလီဘန်အဖွဲ့က ကက်တာမြို့ အသေခံတိုက်ခိုက်မှုကို ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်

ပါကစ္စတန်တာလီဘန်အဖွဲ့က ကက်တာမြို့ အသေခံတိုက်ခိုက်မှုကို ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်

ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်နိုင်ငံ နယ်စပ်အနီး ဘလိုချီစတန်ဒေသရှိ ကက်တာမြို့၌ စက်တင်ဘာ ၅ ရက်က ဖြစ်ပွားခဲ့သော အသေခံဖောက်ခွဲမှုကို ပါကစ္စတန် တာလီဘန်အဖွဲ့ Tehrik-i-Taliban Pakistan (TTP) က ၎င်းတို့ လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ထုတ်ပြန်လိုက်သည်။

အဆိုပါ တိုက်ခိုက်မှုတွင် ၃ ဦးသေဆုံးကာ ၂၀ ဦး ဒဏ်ရာ ရရှိခဲ့သည်။

ကက်တာ မြို့ရှိ စစ်ဆေးရေးဂိတ်မှ ပြည်သူ့စစ်များအား တိုက်ခိုက်မှုအပေါ် ပါကစ္စတန်ဝန်ကြီးချုပ် အီမရန်ခန်းက ပြစ်တင်ရှုတ်ချခဲ့သည်။ ယင်းတိုက်ခိုက်မှုအား တရားမဝင် TTP အဖွဲ့က လုပ်ဆောင်ကြောင်း ကြေညာခဲ့သည်ဟု Dawn သတင်းစာတွင် ဖော်ပြထားသည်။

ဘလိုချီစတန်ပြည်နယ် အကြမ်းဖက်တိုက်ဖျက်ရေးဌာန (CTD) က အဆိုပါတိုက်ခိုက်မှုသည် မက်စတန်လမ်းမပေါ်ရှိ ဆိုဟာနန် စစ်ဆေးရေးဂိတ်အား အသေခံတိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချခဲ့သည်။

ဒဏ်ရာရရှိသူများကို ရှိတ်ခ်ဇစ် ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုထားသည်။ အသေခံဗုံးခွဲ တိုက်ခိုက်သူသည် ရဲတစ်ဦး၏ မော်တော်ဆိုင်ကယ်အား စစ်ဆေးရေးဂိတ်ရှိ တာဝန်ရှိသူများထံ မောင်းသွင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

TTP အဖွဲ့၏ ပြဿနာသည် အီမရန်ခန်းအစိုးရက ဖြေရှင်းရမည့် ပြဿနာတစ်ရပ်ဖြစ်ကာ အာဖဂန်နစ္စတန်နှင့် မသက်ဆိုင် ကြောင်း တာလီဘန်ပြောခွင့်ရ အရာရှိ ဇာဘီဟူလာ မူဂျာဟစ်က စက်တင်ဘာ ၄ ရက်တွင် ပြောကြားသည်။

ပါကစ္စတန်လုံခြုံရေးတပ်ဖွဲ့များနှင့် ဘလူချီစတန်သူပုန်များအကြား တိုက်ခိုက်မှုသည် ပြီးခဲ့သည့် လများအတွင်းက ဒေသတွင်း ပိုမိုဆိုးရွားခဲ့သည်။

ဘလူချီစတန်ဒေသသည် ရင်းမြစ်များ ပေါကြွယ်ဝသော်လည်း ဖွံ့ဖြိုးမှု နိမ့်ကျသည့် ပြည်နယ်ဖြစ်သည်။ လွတ်မြောက်ရေး လှုပ်ရှားမှုများသည်လည်း လွန်ခဲ့သည့် ၁၀ စုနှစ်များအတွင် ပေါ်ပေါက်လာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly