ဟားခါးပြည်သူ့ဆေးရုံ ဒုတိယဆေးရုံအုပ်အား နေအိမ်တွင် စစ်ကောင်စီ တပ်များက လာရောက်ဖမ်းဆီး

ဟားခါးပြည်သူ့ဆေးရုံ ဒုတိယဆေးရုံအုပ်အား နေအိမ်တွင် စစ်ကောင်စီ တပ်များက လာရောက်ဖမ်းဆီး

ဟားခါး - စက်တင်ဘာ ၉

ချင်းပြည်နယ် ဟားခါးမြို့တွင် ယနေ့ စက်တင်ဘာ၉ရက် နေ့လည်ပိုင်းက ဟားခါးပြည်သူ့ဆေးရုံ၏ ဒု-ဆေးရုံအုပ်ဖြစ်သူ လက်ရှိတွင်CDMဝင်ထားသည့် ဒေါက်တာ မန်ဗျက်ကုန်းအား ၎င်း၏ နေအိမ်တွင် စစ်ကောင်စီတပ်များက စစ်ကားနှစ်စီးဖြင့်လာရောက် ဖမ်းဆီးသွားကြောင်းသိရသည်။

''ဆရာက ဟားခါးပြည်သူ့ဆေးရုံမှာ ဒုတိယဆေးရုံအုပ် တာဝန်ယူထားတာ။ တပည့်တွေအပေါ်မှာလည်း အရမ်းကောင်းတယ်။ သူ CDM ဝင်ထားပြီး ခဏရှောင်နေရာကနေ အိမ်ကိုပြန်လာတဲ့အချိန်မှာ အခုလို ဖမ်းဆီးခံရတာ ဖြစ်တယ်''ဟု ကျန်းမာရေးဝန်ထမ်းတစ်ဦးကပြောသည်။

လက်ရှိတွင် ဟားခါးမြို့ပေါ်၌ ပစ်ခတ်မှုများ မကြာခဏဖြစ်ပွားနေပြီး ဖမ်းဆီး စစ်ဆေးမှုများ တင်းကျပ်လျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly