နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၈ စက်တင်ဘာ ၂၀၂၁)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၈ စက်တင်ဘာ ၂၀၂၁)
Photo - လက်ပံတောင်းတောင်ဒေသ ကျေးရွာ၅ရွာ သံပုံးတီး ညသပိတ်(ပေးပို့ - CJ)

စစ်ကောင်စီ

·       တစ်ဧကစပါးထွက်နှုန်း တင်းတစ်ရာမပြည့်သည့်အတွက် ပြည်ပနိုင်ငံများသို့ မျှော်မှန်းသလို တင်ပိုနိုင်ခြင်းမရှိ သည့်အတွက် တာဝန်ယူစဉ်ကာလအတွင်း သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် စနစ်တကျဆောင်ရွက်ပေး စေလိုကြောင်း စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်ကပြောသည်။

·       နိုင်ငံပိုင်စက်ရုံများ ပြန်လည်လည်ပတ်နိုင်ရေးအတွက် ကုန်ကြမ်းရရှိမှု သွင်းအားစုရရှိမှု ဈေးကွက်ရရှိမှုများအပေါ် သုံးသပ်တွက်ချက်ဆောင်ရွက်ရမည်ဖြစ်ပြီး ထုတ်ကုန်များကို အရည်အသွေးပြည်မီအောင် ထုတ်လုပ်ရမည်ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကပြောသည်။

·       ၂၀၁၈ ခုနှစ်က ပြဌာန်းခဲ့သည့် ဧရာဝတီတိုင်းဒေသကြီး ရေချိုငါးလုပ်ငန်းဥပဒေ၏ အခန်း ၈ ပါ တိုင်းဒေသကြီးအစိုးရ အဖွဲ့ ၏ စီမံဆောင်ရွက်ခွင့်ရှိသည့် အမိန့်အာဏာကို ပြန်လည်ရုတ်သိမ်းကြောင်း စစ်ကောင်စီမှ ထုတ်ပြန်သည်။

·       နိုင်ငံတော်၏ ဘဏ္ဍာငွေကို သုံးစွဲရာတွင် ပကာသနကိုလျော့၍ ချွေတာရေးနည်းလမ်းများနှင့်အညီ အမှန်တကယ် အကျိုးရှိသည့် လုပ်ငန်းများ လုပ်ဆောင်သွားကြရန်လိုကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။

အမျိုးသားညီညွှတ်ရေးအစိုးရ

·       အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီလက်ပါးစေအဖွဲ့နှင့် တာဝန်ပေး စေခိုင်းသည်ထက်ကျော်လွန်၍ ပြည်သူ့ဘက် တော်သား CDM ဝန်ထမ်းများအား စောင့်ကြည့် ဖိအားပေး နှိပ်ကွပ်လျက်ရှိသည့် အကြမ်းဖက် စစ်ကောင်စီ လက်ပါးစေ ဝန်ထမ်းများ (ပထမအသုတ်) အား ပြည်သူ့အကျိုးငှာ အမည်ပျက်စာရင်း (BLACK LIST) ရေးသွင်း၍ ပြင်းထန်စွာ သတိပေးလိုက်ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကြေညာသည်။

·       ပြည်သူလူထု သိရှိထားရမည် ရှေးဦးသူနာပြုစုနည်းများကို အမျိုးသာညီညွှတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာန မှ အသိပညာပေးဖြန့်ဝေထားသည်။

·       အမျိုးသမီး၊လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနနှင့် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနတို့ အရေးပေါ်လုပ်ငန်း စဥ်များအတွက် တိုင်ပင်ဆွေးနွေးခဲံကြပြီး ယင်းဆွေးနွေးပွဲတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ လူ့အခွင့်အရေးချိုး ဖောက်မှုများအား မှုခင်းအဖြစ်မှတ်တမ်းတင်ခြင်း၊ မှုခင်းများအား နိုင်ငံတကာအဖွဲ့အစည်းများသို့တင်ပြခြင်း၊ ပဋိပက္ခ ကာလ အတွင်း ပြည်သူလူထုအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့မှုများပေးအပ်ခြင်း၊ အရေးပေါ် တုံ့ပြန်မှု အစီအစဥ်များနှင့် လူအခွင့်အရေးနှင့်ပတ်သက်၍ ပညာပေးခြင်း အစရှိသည့် အနာဂတ်လုပ်ငန်း စဥ်များ ပါဝင်ကြောင်း သိရသည်၊

·       စစ်အာဏာရှင်စနစ်အား အမြစ်ဖြတ်တိုက်ထုတ်၍ အမျိုးသမီးများ၏ဦးဆောင် ပါဝင်မှုနှင့်အတူ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်တစ်ရပ် ဖြစ်ထွန်းလာစေရန် ရည်ရွယ်လျက် မြေပြင်သပိတ်အင်အား စုအသီးသီးတွင် ပါဝင်လှုပ်ရှားနေကြသော လူငယ်အမျိုးသမီး များဖြင့် အမျိုးသမီးမဟာမိတ်အင်အားစုကို တရားဝင် စတင်ဖွဲ့စည်းလိုက်ကြောင်း အမျိုးသမီး၊လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှ ထုတ်ပြန်သည်။

·       တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့(TDF)သည် စစ်သည်အင်အား ၁၀၀ ဦးနှင့် အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ယနေ့ဝင်ရောက်ပူးပေါင်းလိုက်ကြောင်း သတင်း ထုတ်ပြန် သည်။

တော်လှန်ရေးလှုပ်ရှားမှုများ

·       မန္တလေးတွင် ယနေ့ စက်တင်ဘာလ ၈ရကနေ့က အကြမ်းဖက် စစ်ကောင်စီ တော်လှန်ရေး မန္တလေး လူငယ်များ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

·       မန္တလေးတွင် စစ်အာဏာရှင်ဖြုတ်ချရေး သံဃသမဂ္ဂစစ်ကြောင်းမှ ဆရာတော် သံဃာတော်များ ယနေ့မွန်းလွဲပိုငးတွင် ချီတက်ခဲ့ပြီး စစ်အာဏာရှင် အမြစ်ပြတ်ဖြတ်ပွဲ နိုင်ကိုနိုင်ရမည်ဟု ကြွေးကြော်ဆန္ဒပြကြသည်။

·       မန္တလေးတွင် ယနေ့ စက်တင်ဘာလ ၈ရက် မွန်းလွဲ ၁၂နာရီ ၅ဝ မိနစ်ခန့်တွင် အောင်မြေသာစံမြို့နယ် ရှိ  (၂၆) လမ်းမှာရှိ အမှတ်၆ ရဲစခန်းကို အမည်မသိသူများက ဗုံးဖြင့်ထုခံရကြောင်း ဒေသခံပြည်သူများ ပြောဆိုချက်အရသိရသည်။

·       မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်ရှိ အုပ်ချုပ်ရေးမှုးရုံးနှင့် အုပ်ချုပ်ရေးမှုးအိမ်များတွင် စက်တင် ဘာလ ၇ ရက်နေ့ ညနေပိုင်း တွင် ဗုံးပေါက်ကွဲခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

·       မန္တလေးတိုင်း စဉ့်ကူးမြို့နယ်၊ လက်ပန်လှအုပ်ချုပ်ရေးမှုးရုံး၊ နွယ်ရုံရွာ‌ ၊ နေရှောက်ပင်ရိုး အုပ်စု အုပ်ချုပ်ရေးမှုးအိမ်နှင့် ကျည် တောက်ပေါက် အုပ်ချုပ်ရေးမှုးအိမ်တို့တွင် စက်တင်ဘာ ၇ ရက်နေ့ ညနေ ၄နာရီတွင် ဗုံးပေါက်ကွဲခဲ့ကြောင်း သိရသည်။

·       မန္တလေးတွင် ယနေ့ စက်တင်ဘာလ ၈ရက်နေ့က အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်ခွေးတော်လှန်ရေး LGBTIQ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

·       မန္တလေး သံဃသမဂ္ဂ ဆရာတော်များ ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၈ ရက်နေ့က ပရိတ်ရွတ်မေတ္တာပို့ပြီး အကြမ်းဖက် လူသတ် ဖက်ဆစ် စစ်ကောင်စီ ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့သည်။

·       မန္တလေးတွင် ယနေ့ စက်တင်ဘာလ ၈ ရက်နေ့က အကြမ်းဖက် လူသတ် ဖက်ဆစ် စစ်ခွေးတော်လှန်ရေး တောင်တန်းပြည်မ ညီညွတ်ကြ တိုင်းရင်းသားပေါင်းစုံ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

·       ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ တောင်ပျောက်တိုက်နယ်တွင် စက်တင်ဘာလ ၇ ရက်က တိုက်ပွဲ သုံးကြိမ်ဖြစ်ပွားခဲ့ပြီး ယနေ့ စစ်ကောင်စီတပ်အင်အား ပြန်လည်စုစည်းနေကြောင်း ဒေသပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တစ်ခုထံမှ သိရသည်။

·       ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်တွင် ယနေ့ စက်တင်ဘာလ ၈ရက်နေ့က အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်ခွေးတော်လှန်ရေး လူငယ်များ ဦးဆောင်ကာ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

·       စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းကျေးရွာက ပြည်ခိုင်ဖြိုးပါတီဝင်များ၏ နေအိမ်များကို အမည်မသိ လက်နက်ကိုင်အဖွဲ့က စက်တင် ဘာလ ၈ ရက်နေ့ နံနက် ၁ နာရီတွင် လာရောက်ပစ်ခတ်ရာ လူ ၃ ဦး သေဆုံးပြီး ၃ ဦးဒဏ်ရာရခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

·       မုံရွာတွင် ယနေ့ စက်တင်ဘာလ ၈ရက်နေ့က "တပ်ကိုဖြိုမယ့် ညီမများ သံတိုင်ကြားက အားတင်းထား" ဖက်ဆစ် စစ်ခွေးတော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

·       စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသ ပင်မသပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၈ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်ခွေး တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

·       စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ပုလဲ-ဂန့်ဂေါလမ်း၊ နဂါးမတောင်ရှိ အကြမ်းဖက် စစ်ကောင်စီပိုင် MYTEL တာဝါတိုင် ယနေ့ စက်တင်ဘာလ ၇ရက်နေ့ ညပိုင်းတွင် ပြည်သူ့ကာကွယ်ရေး တပ်မတော် (PRA) က မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။

·       စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ သစ္စေးပင်လှကျေးရွာရှိ အကြမ်းဖက်စစ်တပ်ပိုင် Mytel တာဝါတိုင်သည် စက်တင်ဘာလ ၇ ရက်နေ့ ည ၁၀ နာရီခန့်က ဖောက်ခွဲ ဖျက်ဆီးခံရကြောင်း သိရသည်။

·       စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ ကျေးရွာ ၁ ရွာတွင် အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင် ဖြုတ်ချရေးနှင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ထောက်ခံကြိုဆိုရေး စက်တင်ဘာလ ၈ ရက် နံနက်တွင် ကျေးရွာတွင်းလှည့်လည်ဆန္ဒပြကြသည်။

·       စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် ပြည်သူများက အကြမ်းဖက် အိမ်စောင့် စစ်ခွေးမောင်းထုတ်ရေး အတွက် စက်တင်ဘာလ ၈ ရက်နေ့ နံနက်ပိုင်းတွင် ချီတက် သပိတ်မှောက်ကြသည်။

·       စစ်ကိုင်းတိုင်း ကလေးမြို့နယ် တောင်ပိုင်းရှိ ကျောက်ဖူးရွာနှင့် ဒိုးနွယ်ရွာကြားသို့ စက်တင်ဘာလ ၇ရက်နေ့ နေ့လည် ၁၂ နာရီခန့်က ဝင်ရောက်လာသည့် အကြမ်းဖက် စစ်ကောင်စီစစ်ကြောင်းကို PDF (Kalay) တပ်ဖွဲ့ဝင်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အကြမ်းဖက် စစ်ကောင်စီ‌ တပ်ဖွဲ့ဝင် ၄ ဦးသေဆုံးပြီး ၁၀ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း PDF (Kalay) ထုတ်ပြန်ချက်အရသိရသည်။

·       မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကျေးရွာတစ်ရွာအနီးရှိ အကြမ်းဖက်စစ်တပ်ပိုင် Mytel တာဝါတိုင်ကို စက်တင်ဘာလ ၇ ရက်နေ့ ညပိုင်းတွင် ပေါက် PDF က မီးရှို့ ဖျက်ဆီးလိုက်ကြောင်း သိရှိရသည်။

·       ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် စံပြ (၆) ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ်များကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက စက်တင်ဘာလ ၇ရက်နေ့တွင် ဝင်ရောက်မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့ကြောင်း ဒေသခံပြည်သူများ ပြောဆိုချက်အရသိရသည်။

·       ကယားပြည်နယ် ဒီးမော့ဆိုမြို့ ရဲစခန်းဘက်က အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များ ယမန်နေ့ ည၇နာရီခန့်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် တိုက်ပွဲရှောင်ရန် ထွက်ပြေးလာသည့် အသက် ၈နှစ်အရွယ် မဂျာဇင်းတာ သည် ဆိုင်ကယ်နှင့်ကား ချိတ်မိရာက နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားကြောင်း တိုးတက်သော ကရင်နီပြည်သူ့ အင်အားစု အဖွဲ့ ထုတ်ပြန်ချက်အရသိရသည်။

·       KNDF တပ်ဖွဲ့အနေဖြင့် စစ်အာဏာရှင်အမြစ်ပြတ်ရေး အဆုံးထိ တိုက်ပွဲဝင်ဖို့် စိတ်ပိုင်းဖြတ်ထားသည့် အတွက် ကယားပြည်နယ် (ကရင်နီပြည်) တွင် တိုက်ပွဲများ ယခုထက် ပိုပြင်းထန်လာဖို့ပဲ ရှိကြောင်းနှင့် အောက်ခြေတပ်မတော်သားများအနေဖြင့် အချိန်မနှောင်းခင် ကာကွယ်ရေးတပ်ဖွဲ့များထံ လာရောက်ပူးပေါင်း ကြဖို့ စက်တင်ဘလ ၈ ရက် ယနေ့တွင် ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့မှ မေတ္တာရပ်ခံလိုက်သည်။

·       ပဲခူးတိုင်း၊ ပေါင်းတည်မြို့၊ ကံငယ်အုပ်စု၊ ကံငယ်ရွာတွင် စက်တင် ဘာ ၇ရက်နေ့ ညပိုင်း ရာအိမ်မှူး၏နေအိမ် ထဲသို့ ဗုံးပစ်သွင်းသဖြင့် ပေါက်ကွဲဖြစ်ပွားရာ လူ၂ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

·       ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ကုန်းဆုံကျေးရွာနှင့် ပူချယ်ကျေးရွာကြားတွင် ဖယ်ခုံဘက်မှ မောင်းနှင်လာသော စစ်ကောင်စီ ယာဉ် ၅ စီးအား ယနေ့နံနက် ၉ နာရီခွဲခန့်တွင် ဖယ်ခုံ PDF မှ မိုင်းခွဲတိုက်ခိုက် ရာ ၁ စီး မိုင်းထိမှန်ပျက်စီးခဲ့ပြီး နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု မိနစ် ၃၀ ခန့် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

·       ရန်ကုန်တွင် အေးရှားဝေါလ်ဆိပ်ကမ်းအနီး၊ သမိုင်းမီးပွိုင့်၊ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်းအပါအဝင် ရန်ကုန်မြို့ တော် တစ်ဝန်း ယနေ့ စက်တင်ဘာလ ၈ ရက်နေ့တွင် ဗုံးကွဲမှုများ ဆက်တိုက်ဖြစ် ပေါ်လျက်ရှိကြောင်း သိရှိရသည်။

·       ရန်ကုန်တိုင်းအတွင်းရှိ မြောက်ဥက္ကလာမြို့နယ် သုန္ဒာလမ်းနှင့် မေတ္တာ ကန်ဘေး၊ တောင်ဒဂုံ မြို့နယ် ၁၈ ရပ်ကွက် အထက ၂ ကျောင်းဝန်း အနောက်ရှိ အမှိုက်ပုံ၊ တွံတေးမြို့နယ် ရွှေဆံတော် ရပ်ကွက် ၅လမ်းရှိ အုပ်ချုပ်ရေးရုံး၊ သာကေတ မြို့နယ် ၅ ရပ်ကွက် အမှတ် ၁ရဲစခန်း အနီး၊ အင်းစိန်မြို့နယ် အကျဉ်းထောင် ရှေ့ရှိ မင်းစေတီ ဝင်ပေါက် အနီးတို့တွင် ယမန်န့ညပိုင်းက ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

·       အမျိုးသားညီညွတ်ရေးအစိုးရမှ စက်တင်ဘာလ ၇ ရက်တွင် နိုင်ငံတော်အားအရေးပေါ်အခြေအနေ ကြေညာ ပြီးသည့်နောက် YUG အနေဖြင့် ဖက်ဆစ်စစ်ကောင်စီဖြုတ်ချရေး ဆထက်တိုး၍ အသက်စွန့်ကာ တိုက်ပွဲဝင် သွား မည်ဖြစ်ကြောင်းနှင့် ပြည်သူများအနေဖြင့် တော်လှန်ရေးအင်အားစုများနှင့်အတူ တတ်စွမ်းသည့် နယ်ပယ်ကဏ္ဍတို့မှ ပူးပေါင်းပါဝင်ပေးကြဖို့ ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့မှ မေတ္တာရပ်ခံလိုက်သည်။

·       လှိုင်သာယာမြို့နယ် အဝေးပြေးလမ်းမပေါ်ရှိ ရဲတပ်ရင်း(၉)ကို လှိုင်သာယာမြို့ပြပြောက်ကျားတပ်ဖွဲ့က စက်တင်ဘာလ၈ရက်မွန်းလွဲပိုင်းတွင် အဝေးထိန်းဗုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီအဖွဲ့ဝင်၃ဦး အပြင်းအထန်ဒဏ်ရာရှိသွားသည်။

·       ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့၊ သစ်ရောင်းရွာတွင် အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှ ယနေ့နံနက် ၈ နာရီခန့်တွင် ဝင်ရောက်ရှာဖွေပြီး ရွာသား ၂ ဦးအား PDF တပ်ဖွဲ့ဝင်များဟု ခေါင်းစဉ်တပ်ကာ ဖမ်းဆီးသွားပြီး ရိုက်နှက်စစ်ဆေးနေကြောင်း သတင်းရရှိသည်။

·       အကြမ်းဖက် စစ်ကောင်စီ ရုံးစိုက်ရာ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင် ရပ်ကွက်ရုံးကိုလည်း ယမန်နေ့ ညနေပိုင်း ၅ နာရီခွဲခန့်က ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသား နှစ်ဦးတို့က လက်ပစ်ဗုံးဖြင့် လာရောက် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံပြည်သူများ ပြောဆိုချက်အရသိရသည်။

·       မော်လမြိုင်တွင် လူငယ်များ ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၈ ရက်နေ့က အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်ခွေးများကို တော်လှန်ရန် လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

·       ချင်းပြည်နယ် ဟားခါးမြို့နယ်တွင် စက်တင်ဘာလ ၇ ရက်နေ့ ည ၉နာရီခန့်၌ အကြမ်းဖက် စစ်ကောင်စီ တပ်များနှင့် အမည်မသိ လက်နက်ကိုင် အဖွဲ့အစည်းကြား ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး ပြည်သူတစ်ဦး ကျည်ထိမှန်ကြောင်း ဒေသခံပြည်သူများ ပြောဆိုချက်အရ ကနဦးသိရသည်။

တိုင်းရင်းသားလက်နက်ကိုင်များ

·       ကယားပြည်နယ် (ကရင်နီပြည်)အတွင်းရှိ အကြမ်းဖက် စစ်ကောင်စီနှင့် ပူးပေါင်း လုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်းများ၏ လုပ်ငန်းအားလုံးကို ရပ်ဆိုင်းထားရန်နှင့် ရပ်ဆိုင်းခြင်းများ မလုပ်ဆောင်လျှင် အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်သွားမည်ဟု ကရင်နီပြည်နယ် အတိုင်ပင်ခံ ကောင်စီ (KSCC)က စက်တင်ဘာလ ၇ ရက်နေ့စွဲဖြင့် သတိပေးချက် ထုတ်ပြန်သည်။

·       ၇၃နှစ်မြောက် ကရင်နီအမျိုးသားအာဇာနည်နေ့အခမ်းအနားကို ကရင်နီတပ်မတော်ဌာနချုပ်ရှိရာ ညာမို (ခေါ်) တာလဲဒူဆိုတွင် စက်တင်ဘာလ ၈ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

စက်တင်ဘာ ၈ သုံးသပ်ချက်

·       စစ်ကောင်စီအနေဖြင့် အာဏာသိမ်းပြီးကတည်းက နိုင်ငံခြားရင်းနှီးမြှုပ်မှုအများစု ထွက်ခွာသွား၍ နိုင်ငံခြားဝင်ငွေရလမ်းမရှိ သလောက်နည်းနေချိန်တွင် စိုက်ပျိုးမွေးမြူရေးကဏ္ဍမှနေ၍ ဝင်ငွေရ လာအောင် စီစဉ်လာသည်ကို တွေ့ရသည်။လတ်တလော ဝင်ငွေရနေသည့် ရေလုပ်ငန်းမှ ဝင်ငွေကို ဗဟိုက ထိန်းချုပ်နိုင်မည့် ဥပဒေကို ပြင်င်လိုက်သည် ယင်းဥပဒေသည် ရေလုပ်ငန်းမှရငွေများအားလုံးကို တိုင်းဒေသကြီးမှ ထိန်းချုပ်ခွင့်မရှိတော့သည်ကို တွေ့ရသည်။ယင်းအခြေအနေရ ထိပ်ပိုင်ခေါင်း ဆောင်များ မှ ရေလုပ်ငန်းနှင့်ပတ်သက်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို တိုက်ရိုက်ကိုင်တွယ် လာရသည့်အတွက် ယခင်ခေတ်များကကဲ့သို့ နိုင်ငံအတွက်နည်းနည်း ကိုယ်ကျိုးအတွက်များများ ဖြစ်လာနိုင်ချေရှိနေသည်။

·       တစ်နိုင်ငံလုံးတွင် ဆန္ဒပြမှုများထက် ပျောက်ကြားတော်လှန်ရေး များနေသည်။ယမန်နေ့က ဆန္ဒပြမှုများ မရှိသည့် မန္တလေးတွင် သပိတ်စုံဆန္ဒပြမှုများ ပြန်ထွက်လာသည်။စစ်ကိုင်းဘက်တွင် လက်နက်ကိုင် တော်လှန် ခုခံမှုများ နေရာအနှံဖြစ်နေပြီး တခြားတိုင်နှင့်ပြည်နယ် များတွင်လည်း ပျောက်ကြား တော်လှန်ရေးများ တွေ့လာရသည်။

·       တိုင်းရင်းသားလက်နက်ကိုင် KNU တပ်ဖွဲ့များနှင့် ထားဝယ်တွင် တိုက်ပွဲများဖြစ်နေသည်။ ယင်းနယ် မြေသည် NUG၏ ကြေညာချက်အပြီး KNU နှင့် စစ်ကောင်စီကြားဖြစ်ပွားသည့် တိုက်ပွဲများတွင် နေရာသစ်တစ်ခုဖြစ်သည်။ကယားပြည်နယ်တွင် ကရင်နီတပ်မတော်နှင့်KNDF ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်များ ခပ်စိတ်စိတ်တိုက်ပွဲများဖြစ်လာနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required