ယုံကြည်လောက်သည့် ခြိမ်းခြောက်မှုကြောင့် လော့စ်အိန်ဂျလိစ်တွင် အစိုးရကျောင်းများပိတ်

ယုံကြည်လောက်သည့် ခြိမ်းခြောက်မှုကြောင့် လော့စ်အိန်ဂျလိစ်တွင် အစိုးရကျောင်းများပိတ်

လော့စ်အိန်ဂျလိစ်၊ ဒီဇင်ဘာ ၁၆ ။           ။ လော့စ်အိန်ဂျလိစ်၏ကျောင်းသား ၆၄၀,၀၀၀ ခန့်ရှိ အမေရိကန်၏ဒုတိယမြောက် အကြီးမားဆုံးပညာရေးနယ်မြေကို ပစ်မှတ်ထားသော ယုံကြည်လောက်သည့် အီလက်ထရောနစ် ခြိမ်းခြောက်မှုတစ်ခု လက်ခံရရှိပြီးနောက် လော့စ်အိန်ဂျလိစ်တွင် ဒီဇင်ဘာ ၁၅က အစိုးရကျောင်းများကို ပိတ်ခဲ့သည်။

တစ်စိတ်တစ်ပိုင်းအားဖြင့် ဒီဇင်ဘာ၂က အနီးရှိ ဆန်ဘာနာဒီနိုတွင် တိုက်ခိုက်မှုများဖြစ်ပွားကြောင့် ကြိုတင်သတိရှိသည့်အနေဖြင့် ပုံမှန်မဟုတ်သည့် အရေးယူဆောင်ရွက်မှုတစ်ခုပြုလုပ်ရန် အမိန့်ပေးခဲ့သည်ဟု လော့စ်အိန်ဂျလိစ်ရှိ စာသင်ကျောင်းများကို ကြီးကြပ်ရသည့် ရာမွန်ကော်တင်က ပြောသည်။

ကျောပိုးအိတ်နှင့် အထုပ်များပါဝင်သော ခြိမ်းခြောက်မှုတစ်ခုသည် စာသင်ကျောင်းတစ်ကျောင်း၊ နှစ်ကျောင်းသာမက ကျောင်းအများသို့ ဦးတည်နေကြောင်း ရဲတပ်ဖွဲ့က ၎င်းအား သတိပေးတပ်လှန့်ပြီးခဲ့သည်ဟု ၎င်းကသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဂျာမနီမှ ကျောင်းဘုတ်အဖွဲ့ဝင်တစ်ဦးထံသို့ အီးမေးလ်ဖြင့်ပို့သော ခြိမ်းခြောက်မှုမှာ ယုံကြည်လောက်သည်ဟု ယူဆကြောင်း စာသင်ကျောင်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ စီအင်အင်က ဖော်ပြခဲ့သည်။ သို့သော်လည်း အလားတူခြိမ်းခြောက်မှုမျိုး ကျောင်းများစွာက ရရှိခဲ့သည်ဟု နယူးယောက်ရှိ အရာရှိများက ပြောသည်။ ၎င်းတို့က ခြိမ်းခြောက်မှုမှာ လှည့်စားမှုတစ်ခု သာဖြစ်သည်ဟု ယူဆသည်။

"ကျွန်တော်တို့ကလေးတွေအတွက် ယုံကြည်လောက်တဲ့ ခြိမ်းခြောက်မှုမရှိပါဘူး။ ကျွန်တော်တို့ကျောင်းတွေ အန္တရာယ်မရှိဘူးလို့ ကျွန်တော်တို့ ယုံကြည်ပါတယ်"ဟု သတင်းစာရှင်းလင်းပွဲတစ်ခုတွင် မြို့တော်ဝန် ဘီလ်ဒီဘလတ်ဆီယိုက ပြောသည်။ ခြိမ်းခြောက်မှုမှာ တိကျမှုမရှိသည့်အပြင် ထူးဆန်း၍ လေးနက်စွာမယူဆနိုင်ကြောင်းလည်း ၎င်းက ထပ်မံပြောကြားခဲ့သည်။

ကျောင်းပေါင်း ၁,၀၀၀ကျော်ကို ရှာဖွေရန် လော့စ်အိန်ဂျလိစ်တွင် ရဲတပ်ဖွဲ့နှင့် အက်ဖ်ဘီအိုင်အေးဂျင့်များကို အကူအညီတောင်းခံခဲ့သည်ဟု ကော်တင်က ပြောသည်။ ထို့အပြင် စစ်ဆင်ရေးမှာ နေ့ချင်းပြီး လိမ့်မည်ဟု မျှော်လင့်သည်ဟုလည်း ၎င်းက ပြောသည်။

နယူးယောက်ရဲမင်းကြီး ဘီလ်ဘရက်တန်ကမူ ကျောင်းပိတ်ရန် ဆုံးဖြတ်ရာတွင် လော့စ်အိန်ဂျလိစ်ကျောင်းအရာရှိများမှာ သတိလွန်ကဲလွန်းသည်ဟု ဝေဖန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly