တရုတ်စက်ရုံများ လုံခြုံရေးအတွက် စစ်သားနှင့် ရဲ၁၀၀ ဌားရမ်းထား

တရုတ်စက်ရုံများ လုံခြုံရေးအတွက် စစ်သားနှင့် ရဲ၁၀၀ ဌားရမ်းထား

စက်တင်ဘာ ၈

မှော်ဘီမြို့နယ် မြောင်းတကာ စက်မှုဇုန် အတွင်းရှိ တရုတ်စက်ရုံ ၃၀ ကျော်သည် စက်ရုံလုံခြုံရေးအတွက် စစ်သားနှင့်ရဲ အယောက်၁၀၀ခန့် ဌားရမ်းထားသည်ဟု ယုံကြည်စိတ်ချရသော သတင်းရင်းမြစ်များအရ သိရသည်။

"အရင်ကတော့ ရပ်ကွက်တွေ လမ်း​တွေထဲမှာ လုံခြုံရေးက မရှိဘူးလေ။ အခု ဒီမှာ အာဏာသိမ်းပြီးတော့ လုံခြုံရေးကို အယောက်၁၀၀ ခန့်ထားတယ်'' ဟု သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။

အဆိုပါ စစ်သားနှင့်ရဲများကို စက်ရုံကြီးပါက တစ်လလျှင် သိန်း၆၀နှုန်း ၊ စက်ရုံသေးပါက တစ်လလျှင် သိန်း၃၀နှုန်းဖြင့် ခြောက်လစာ ပေးသွင်းရသည်ဟု သိရသည်။

"အရင်ကတော့ ပိုက်ဆံပေးရတာကော စောင့်ရတဲ့လုံခြုံရေးကောကဒီလောက် မများဘူးပေါ့။အရင်က ပြင်ထိန်းရန်ပုံငွေဆိုပြီး ပုဂ္ဂလိကစက်ရုံတွေအကုန်လုံးက ရိုးမဘဏ်ကနေ ပိုက်ဆံ​သွင်းရတယ်။ အခုကျတော့ အာဏာသိမ်းပြီးနောက် တစ်လကို

စက်ရုံကြီးရင် သိန်း၆၀၊ စက်ရုံသေးရင် သိန်း၃၀ဆိုပြီးတောင်းတယ်။ ခြောက်လတကြိမ် ပေးရတယ်''ဟု ၎င်းက ဆိုသည်။

အဆိုပါ မှော်ဘီမြို့နယ်

မြောင်းတကာစက်မှုဇုန်ထဲတွင်ရှိသော စက်ရုံအားလုံးကို တရုတ်လုပ်ငန်းရှင်များပိုင်ဆိုင်ကြသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly