စက်တင်ဘာ ၈
ဧရာဝတီတိုင်း၊ဟင်္သာတမြို့၊သုံးပင်ကွင်းရပ်ကွက်တွင် စက်တင်ဘာလ ၈ ရက်နေ့ နေ့လည် ၁၂ နာရီဝန်းကျင်အချိန်က အသက် ၃၀အရွယ်အမျိုးသားတစ်ဦးဆိုင်ကယ်မောင်းနှင်လာစဉ်ဆိုင်ကယ်ထိုင်ခုံအတွင်းပိုင်းမှ ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့သည်။
အဆိုပါပေါက်ကွဲမှုမှာ လက်လုပ်မိုင်း ပေါက်ကွဲခဲ့ခြင်း ဟု စစ်ကောင်စီလက်အောက်ခံ ဖြစ်သည့် ဟင်္သာတမြို့နယ် ရဲစခန်းက သတင်းထုတ်ပြန်လိုက်ကြောင်း သိရသည်။
"ပေါက်တဲ့အသံကတော်တော်ကျယ်တယ်၊ဆိုင်ကယ်ပေါက်ကွဲပြီး မောင်းလာတဲ့ကောင်လေးက တော်တော်ထိသွားတယ် လက်ကောက်ဝတ်နားကလဲပြတ်သွားတော့ ဆေးရုံကိုပို့လိုက်ကြတယ် အဲ့ဒီနောက်ပိုင်း သေသလား ရှင်သလား မသိရသေးဘူး"ဟုဒေသခံတစ်ဦးကပြောသည်။
ဆိုင်ကယ်ပေါက်ကွဲရာက ဒဏ်ရာရရှိသူအမျိုးသားအား ဆေးရုံသို့ပို့ဆောင်ပြီး နာရီအနည်းငယ်အချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နှင့် ရဲများက ၎င်း၏နေအိမ်ကိုရှာဖွေမှုများပြုလုပ်ခဲ့ပြီး လက်လုပ်မိုင်းနှင့် ဆက်စပ်ပစ္စည်းများကို တွေ့ရှိသည်ဟုဆိုကာ "ဆိုင်ကယ်အတွင်း လက်လုပ်မိုင်းပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း" ဟင်္သာမြို့နယ်ရဲစခန်းက ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။