မအူပင်မြို့ရှိ ဒလန်ဟုနာမည်ကြီးနေသူ ပစ်ခတ်ခံရ

မအူပင်မြို့ရှိ ဒလန်ဟုနာမည်ကြီးနေသူ ပစ်ခတ်ခံရ

စက်တင်ဘာ ၈

ဧရာဝတီတိုင်း မအူပင်မြို့ အမှတ်(၉)ရပ်ကွက်တွင်စက်တင်ဘာလ ၈ရက်နေ့ မနက်ပိုင်းက ဒလန်ဟုနာမည်ကြီးနေသူ ကိုရာချစ်ဆိုသူ ပစ်ခတ်ခံရကြောင်း သိရသည်။

“သေနတ်နဲ့လှမ်းပစ်တာ မထိလိုက်ဘူးလို့ပြောတယ် သူနဲ့ သူ့ယောက်ဖ ဦးမင်းမောင်က ဒလန်လို့ ကြေညာခံထားရသူတွေပါ”ဟု မအူပင်မြို့ ဒေသခံတစ်ဦးကပြောသည်။

ဦးမင်းမောင်မှာ မအူပင်မြို့ရှိ မော်တော်ယာဉ်ပြေးဆွဲရေးကော်မတီ(မဆက) ဥက္ကဌ အဖြစ် လုပ်ကိုင်ခဲ့ဖူးသူ တစ်ဦးဖြစ်သည်။

အခုကဲ့သို့ ပြစ်ခတ်မှုသည် မြစ်ဝကျွန်းပေါ် ပျောက်ကြား စစ်ဆင်ရေး တပ်ပေါင်းစု (DGWCF)က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း DGWCF အဖွဲ့ဝင်တစ်ဦးက အတည်ပြုပြောကြားသည်။

“ပစ်တာဟုတ်တယ် မထိလိုက်ဘူး၊ ဒလန်တွေကို သတိပေးတာ”ဟု မြစ်၀ကျွန်းပေါ် ပျောက်ကြားစစ်ဆင်ရေး တပ်ပေါင်းစု (DGWCF) အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ပစ်ခတ်မှုဖြစ်စဉ်အပြီးတွင် စစ်ကောင်စီတပ်များကမြို့တွင်း ပိတ်ဆို့စစ်ဆေးမှုများ မြို့အဝင်အထွက်ဂိတ်များတွင် တင်းတင်းကြပ်ကြပ် စစ်ဆေးလုပ်ဆောင်နေ‌ ကြောင်း မြို့ခံများထံမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly