ပြည်ခိုင်ဖြိုးစည်းရုံးရေးမှူးအိမ် လက်ပစ်ဗုံးဝင်၊ အမျိုးသမီး၂ ဦးသေဆုံး၊ ၄ ဦးဒဏ်ရာရ

ပြည်ခိုင်ဖြိုးစည်းရုံးရေးမှူးအိမ် လက်ပစ်ဗုံးဝင်၊ အမျိုးသမီး၂ ဦးသေဆုံး၊ ၄ ဦးဒဏ်ရာရ

စက်တင်ဘာ ၈

ပေါင်းတည်နယ်ဘက်တွင် ရာအိမ်မှူးတစ်ဦး၏နေအိမ်တွင် ယမန်နေ့ညက လက်ပစ်ဗုံးပစ်သွင်းခံရခြင်းကြောင့် အိမ်သားအမျိုးသမီးနှစ်ဦး သေဆုံးသွား သည်။

အာဏာသိမ်းစစ်တပ်၏မဟာမိတ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ စည်းရုံးရေးမှူးလည်းဖြစ်သူ ဦးသိန်းဇော်၏ ပေါင်းတည်မြို့နယ် ကံငယ်ကျေးရွာ ရှိ နေအိမ်ကို ည ၇ နာရီဝန်းကျင်က ပစ်သွင်းလိုက်သောဗုံးကြောင့် တစ်ဦး ပွဲချင်းပြီးသေဆုံးကာ တစ်ဦးမှာ ဆေးရုံတွင်သေသွားခဲ့သည်။ အဓိကပစ်မှတ် ဖြစ်ဖွယ်ရှိသော ဦးသိန်းဇော်နှင့် ကျန်အိမ်သား သုံးဦးမှာတော့ ပေါင်းတည် ဆေးရုံတွင် ဆက်လက်ဆေးကုသမှုခံယူနေရသည်။

“သူတို့တွေက စုပြီးTVကြည့်နေကျတာ ပြူတင်းပေါက်ကနေ လှမ်းပစ် လိုက်တာတဲ့။ လက်ပစ်ဗုံးအစစ်တဲ့ဗျ။ အမျိုးသမီးနှစ်ယောက်သေသွားတယ်။ ဟိုကောင်(ဦးသိန်းဇော်)က ဒလန်လို့နံမည်ကြီးနေတာလေ”ဟု ရွာခံတဦးက ပြောသည်။

လက်ပစ်ဗုံးပစ်သွင်းခဲ့သူမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး စစ်ကောင်စီတပ် ကတော့ ရွာတွင်းနှင့် အနားပတ်ဝန်းကျင်ကျေးရွာများတွင် စစ်ဆေးမှုများ ပြုလုပ်နေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly