ပါကစ္စတန်နိုင်ငံ ဘလူချီစတန်ပြည်နယ်၌ ပြည်သူ့စစ် တပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရမှုအပေါ် ဆန္ဒပြမှုများကြောင့် အဝေးပြေး လမ်းများပိတ်

ပါကစ္စတန်နိုင်ငံ ဘလူချီစတန်ပြည်နယ်၌ ပြည်သူ့စစ် တပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရမှုအပေါ် ဆန္ဒပြမှုများကြောင့် အဝေးပြေး လမ်းများပိတ်

ပါကစ္စတန်နိုင်ငံ၊ ဘလူချီစတန်ပြည်နယ်ရှိ အဝေးပြေးလမ်းများ ပိတ်နေဆဲဖြစ်ပြီး ပန်ဂျပ်နှင့် ခီဘာ-ပက်ထွန်ခဝါသို့ သွားသည့် လမ်းတွင် ယာဉ်အသွားအလာများ စက်တင်ဘာ ၅ ရက်က ရပ်ဆိုင်းထားရသည်။

ဇီရာရက် ခရိုင်တွင် ပြီးခဲသည့် သီတင်းပတ်အတွင်းက ပြည်သူ့စစ်အဖွဲ့ဖြစ်သည့် Balochistan Levies Force မှ တပ်ဖွဲ့ဝင်များ၏ ကားသည် မန်ဂီဆည်အနီး မိုင်းဖြင့် အကြမ်းဖက် တိုက်ခိုက်ခံရမှုခြင်းအပေါ် ဆန္ဒပြမှုများ ပြုလုပ်ခြင်း ကြောင့် ယခုကဲ့သို့ လမ်းများ ပိတ်ဆို့သွားခြင်းဖြစ်သည်။

Pashtunkhwa Milli Awami ခေါ် PkMAP ပါတီခေါင်းဆောင် ပက်ရှ်ထွန်ကာကာနှင့် အခြားသူများကို အမြန်လမ်းအား ပိတ်ဆို့မှုနှင့် ပြည်သူများ ခရီးသွားလာမှုကို အနှောက်အယှက်ဖြစ်စေမှုဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

ယာဉ်လမ်းကြောင်းပွင့်စေရန် ဆာဘီလမ်းပေါ်တွင် ဆန္ဒပြသူများအား ရဲများက နံပါတ်တုတ်များအသုံးပြု၍ ရှင်းလင်းဖယ်ရှားခဲ့သည်။

ဘလိုချီစတန်မှ ပန်ဂျပ်နှင့် ခီဘာ-ပက်ထွန်ခဝါသို့ သွားသည့်လမ်း ပိတ်ဆို့ထားသောကြောင့် အခြား အဝေးပြေးလမ်းများတွင်လည်း ယာဉ်များ မသွားလာနိုင်ခဲ့ပေ။ ယင်းကဲ့သို့ ပိတ်ဆို့ဆန္ဒပြမှုများကို ပြည်နယ်အတွင်းရှိ ခရိုင်များအားလုံးတွင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

နိုင်ငံရေး တက်ကြွလှုပ်ရှားသူများကို ရိုက်နှက်ဖမ်းဆီးခဲ့သော်လည်း ညှီနှိုင်းဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် လွှတ်ပေးခဲ့သည်။

ဆန္ဒပြပွဲပြုလုပ်ရေး ကော်မတီဥက္ကဌ၏ ဦးဆောင်မှုဖြင့် အထိုင်သပိတ်ကို ဇီရာရတ်တွင် ၁၂ ရက်မြောက် ဆက်လက်ပြုလုပ်ခဲ့သည်။

Frontier Corps ပြည်သူ့စစ်အဖွဲ့များကို ဇီရာရက်နှင့် ဟာနိုင်းခရိုင်များမှ ထွက်ခွာစေပြီး ၎င်းတို့နှင့် သက်ဆိုင်သည့် နယ်မြေများ၌သာ ထားရန် အထိုင်သပိတ်ကော်မတီနှင့် ဆန္ဒပြသူများက တောင်းဆိုခဲ့ကြသည်။

၎င်းတို့၏ တောင်းဆိုမှုတွင် ဇီရာရက်နှင့် ဟာနိုင်းခရိုင်များတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများကို စုံစမ်းစစ်ဆေးရန် အဆင့်မြင့် တရားစီရင်ရေးကော်မရှင်အား ဖွဲ့စည်းရန်လည်း ပါဝင်သည်။

၎င်းတို့၏ တောင်းဆိုမှုများကို အမြန်ဆုံး လက်ခံရန်လည်း ကော်မတီဝင်များက အာဏာပိုင်များကို တိုက်တွန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly