သီရိလင်္ကာသည် မူးယစ်ဆေးဝါးဂိုဏ်းများအတွက် ကြားခံနိုင်ငံဖြစ်လာ

By Asian Lite
08 September 2021
သီရိလင်္ကာသည် မူးယစ်ဆေးဝါးဂိုဏ်းများအတွက် ကြားခံနိုင်ငံဖြစ်လာ

မူးယစ်ဆေးဝါး တရားမဝင်မှောင်ခိုမှုတွင် အသုံးပြုခဲ့ဖွယ်ရှိသည့် ငါးဖမ်းလှေတစ်စင်းကို သီရိလင်္ကာ ရေတပ်က မာလီပင်လယ်ရေပြင်တွင် ဖမ်းမိခဲ့ပြီးနောက် ကိုလံဘိုမြို့တော်သို့ ခေါ်ဆောင်လာခဲ့သည်။

သင်္ဘောပေါ်တွင် ပါလာသူ ၇ ဦးစလုံးသည် ပါကစ္စတန်နိုင်ငံသားများဖြစ်ပြီး ယခုသီတင်းပတ်အစောပိုင်းက ဘိန်းဖြူ ၃၃၆ ကီလိုဂရမ်နှင့် ဖမ်းမိပြီးနောက် ဖမ်းဆီးထားသည်။

ပင်လယ်ပြင်၌ ရက်ရှည်ငါးဖမ်းရာတွင် အသုံးပြုသော ယင်းသင်္ဘောသည် မူးယစ်ဆေးဝါးများကို အခြားသင်္ဘောများသို့ ပို့ဆောင်ပေးရသည်။ စုံစမ်းမှုများကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်။

ငါးဖမ်းသင်္ဘောပေါ်တွင် လက်နက်များကို ရှာဖွေမတွေ့ရှိရသေးပေ။

ရက်သတ္တပတ်ချီ၍ ထောက်လှမ်းခြင်း၊ ရေတပ်နှင့် ထောက်လှမ်းရေးအဖွဲ့တို့အကြား သတင်းအချက်အလက်ဖလှယ်ခြင်းတို့ကို အင်တိုက်အားတိုက် လုပ်ဆောင်ပြီးနောက် လက်လီပေါက်ဈေးတန်ဖိုး ရူပီး ၃ ဒသမ ၁ဘီလျံတန်ဖိုးရှိသည့် မူးယစ်ဆေးများကို သီရိလင်္ကာ ရေတပ်က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly