တိဘက်လူမျိုးများတွင် တရုတ်အစိုးရကို အညံ့မခံလိုသည့် သတ္တိများ မြင်တွေ့နေရဟု အဝေးရောက် အစိုးရခေါင်းဆောင်ပြောကြား

တိဘက်လူမျိုးများတွင် တရုတ်အစိုးရကို အညံ့မခံလိုသည့် သတ္တိများ မြင်တွေ့နေရဟု အဝေးရောက် အစိုးရခေါင်းဆောင်ပြောကြား

တိဘက်ဒေသ၏ ဝိသေသလက္ခဏာကို ပျောက်ကွယ်အောင် လုပ်ဆောင်နေသည့် တရုတ်အစိုးရ၏ မူဝါဒကို ရင်ဆိုင်နေရသည့် တိဘက်ပြည်သူများက အညံ့မခံသည့် သတ္တိနှင့် ဆုံးဖြတ်ချက်ကို စွဲကိုင်ထားကြောင်း အဝေးရောက် တိဘက်အစိုးရခေါင်းဆောင် ပင်ပါဆာရင်က တရုတ်အစိုးရက တိဘက်များကို နှစ်ပေါင်းများစွာကြာအောင် ယုတ်မာရက်စက်မှုအား ထောက်ပြ၍ အလေးထား ပြောကြားလိုက်သည်။

တိဘက်ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမားနှင့် တိဘက်ပြည်သူ ၈ သောင်း အိနိ္ဒိယသို့ ထွက်ပြေးလာပြီး ၁၉၆၀ ပြည့်နှစ်တွ် တိဘက်ပါလီမန်ကို ဖွဲ့စည်းသည့် ၆၁ နှစ်ပြည့် နှစ်ပတ်လည်တွင် ဆာရင်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

အဝေးရောက် တိဘက်အစိုးရ ကိုယ်စားလှယ်များသည် ဗုဒ္ဓဂါယာတွင် ၁၉၆၀ ပြည့်နှစ် ဖေဖော်ဝါရီ ၃ ရက်က ပထမဆုံးအကြိမ် စုဝေးကြကာ သူတော်စင် ဒလိုင်းလားမား၏ လမ်းညွှန်မှုအောက်တွင် ညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ အားစိုက် ဆောင်ရွက်ရန် ခိုင်မာသော ဆုံးဖြတ်ချက်နှင့်ပေးဆပ်မှုတို့ လုပ်ဆောင် သွားမည်ဟု ကျမ်းသစ္စာကျိန်ဆိုခဲ့ကြသည်။

“ဒီကာလအတွင်းမှာ တရုတ်အစိုးရက တိဘက်ပြည်သူတွေရဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေအပေါ် ရက်စက်စွာ ဖိနှိပ်တဲ့ မူဝါဒတွေကို ဆက်လက်ကျင့်သုံးခဲ့ပြီး သူတို့ရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဆိုတောကို အတင်းအဓမ္မ ထိုးထည့်ခဲ့တယ်။ ၁၀ ဆက်မြောက် ပန်ချန်လာမာခိုကျီဂျယ်ဆန်က တရုတ်အစိုးရကို ကန့်ကွက်တဲ့ သဘောထားဆန္ဒကောက်ယူမှု ၇ သောင်း ပြုလုပ်ခဲ့လို့ သူကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်ဟာ တရုတ်အစိုးရရဲ့ မူဝါဒတွေက တိဘက်ကို ဘယ်လို ငရဲကျစေတယ်ဆိုတာ ကိုယ်တွေ့ပါပဲ။ အဲဒီလို လုပ်ခဲ့တဲ့အတွက် ပန်ချန်လာမား ထောင်ဒဏ် ၁၄ နှစ် ချမှတ်ခံခဲ့ရပြီး ယဉ်ကျေးမှု တော်လှန်ရေးကာလမှာ ပိုမိုဆိုးရွားတဲ့ နှိပ်စက်မှုတွေကို ခံခဲ့ရတယ်” ဟု ဆာရင်က ပြောသည်။

တရုတ်တပ်ဖွဲ့များသည် တိဘက်ကို ၁၉၅၀ ပြည့်တွင် ဝင်ရောက်ခဲ့ပြီးနောက် ကျူးကျော်သိမ်းပိုက်ခဲ့သည်။ ၁၉၅၉ ခုနှစ်တွင် တိဘက်ဒေသ၌ ဒေသခံများနှင့် တရုတ်တပ်ဖွဲ့တို့အကြား ဆူပူတိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။

တရုတ်အုပ်ချုပ်မှုအား ဆန့်ကျင့်လှုပ်ရှားမှု မအောင်မြင်ခဲ့သောကြောင့် ၁၄ ဆက်မြောက် ဒလိုင်းလားမားသည် အိမ်နီးချင်း အိန္ဒိယနိုင်ငံသို့ ထွက်ပြေးခဲ့ကာ အဝေးရောက်အစိုးရတစ်ရပ်ကို ထူထောင်ခဲ့သည်။

အိန္ဒိယနိုင်ငံ၊ ဓရမ်ဆလာတွင် တိဘက်လူမျိုး ၁ သောင်းကျော် နေထိုင်ပြီး ကမ္ဘာအနှံ့တွင် ရောက်ရှိ‌နေသည့် တိဘက်လူမျိုး ၁ သိန်း ၆ သောင်းခန့်ရှိသည်။ ၎င်းတို့၏ ဆုံးဖြတ်ချက်ကို မစွန့်လွှတ်ရန်လည်း ဆာရင်က တိုက်တွန်းထားသည်။

တရုတ်သမ္မတရှီကျင့်ဖျင်သည် ၂၀၁၃ ခုနှစ်တွင် အာဏာစတင်ရရှိပြီးချိန်မှစ၍ တိဘက်ဒေသ၌ လုံခြုံရေးထိန်းချုပ်မှုနှင့် ပတ်သက်၍ တင်းကျပ်သည့် မူဝါဒတစ်ရပ်ကို ချမှတ်ခဲ့သည်။ ဗုဒ္ဓဘာသာ ဘုန်းကြီး များနှင့် ဒလိုင်းလားမား၏ နောက်လိုက်များကို တရုတ်အစိုးရက ဖိနှိပ်ဖြိုခွဲခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly