တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ နိုင်ငံရေးပါတီများ ဆွေးနွေးပွဲ NLDတက်မည်

တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ နိုင်ငံရေးပါတီများ ဆွေးနွေးပွဲ NLDတက်မည်

စက်တင်ဘာ ၈

တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ နိုင်ငံရေးပါတီများ ဆွေးနွေးပွဲအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တက်မည်ဖြစ်သည်။

ကွန်မြူနစ်ပါတီ(တရုတ်) နှင့် အရှေ့တောင်အာရှ၊ တောင်အာရှ နိုင်ငံများမှ နိုင်ငံရေးပါတီများ၏ " နိုင်ငံရေးပါတီများ ပေါင်းစည်းစွမ်းအားနှင့် ဆောင်ရွက် ခြင်းအားဖြင့် ဖွံ့ဖြိုးတိုးတက်ရေးဆီသို့" ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို ၂၀၂၁ ခုနှစ် စက်တင်ဘာ ၉ ရက်တွင် အွန်လိုင်းမှတဆင့် ပြုလုပ်မည်ဖြစ်သည်။

" ဟုတ်ပါတယ်။ NLD က တက်မှာပါ" ဟု CRPH အဖွဲ့ဝင် NLD ပါတီဝင်တစ်ဦး က ပြောသည်။

အစည်းအဝေးသို့ တက်ရောက်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပါအဝင် မြန်မာနိုင်ငံမှ နိုင်ငံရေးပါတီလေးခု အား ဖိတ်ကြားထားသည်။

စစ်ကောင်စီမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အား ဖျက်သိမ်းခြင်းပြုမည် ဟု သတင်းများ ထွက်ပေါ်နေချိန်တွင် တရုတ်ကွန်မြူနစ်ပါတီက ယင်းသို့ ဖိတ်ကြားလာ​​ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required