သေနတ်သံညံတဲ့ ဟားခါးည

သေနတ်သံညံတဲ့ ဟားခါးည

ချင်းပြည်နယ်ဟားခါးမြို့မှာ ယနေ့ည ၉နာရီဝန်းကျင်မှစတင်ပြီးစစ်ကောင်စီတပ်များနှင့် CDFအဖွဲ့တို့နှစ်ဖက်ပစ်ခတ်မှုများဖြစ်ပွားနေပြီး၊ဟားခါးမြို့ပေါ်ချင်းဦးစီးရပ်ကွက် ပြည်နယ်အစိုးရအဖွဲ့ရုံးအနီးတဝှက်၊ရုန်းတောင်အနားတဝိုက်နှင့်ကျောဘုတ်ဘက်အနီးအနားတွင်ပစ်ခတ်သံများကြားနေရတယ်လို့ဒေသခံများထံမှသိရပါတယ်။

လတ်တလောသတင်းများအရ လက်နက်ကြီးကျည်ထိမှန်ပြီးနေအိမ်ထဲမှပြည်သူတစ်ဦးသေဆုံးသွားပြီလို့လည်းသိရပြီးအသေးစိတ်ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly