တွန်းဇံမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် ၅ ဦး CDF တပ်ဖွဲ့နှင့် လာရောက်ပူးပေါင်း

တွန်းဇံမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် ၅ ဦး CDF တပ်ဖွဲ့နှင့် လာရောက်ပူးပေါင်း

အမျိုးသားညီညွတ်ရေး အစိုးရက  နိုင်ငံတော် အရေးပေါ်အခြေအနေတစ်ရပ်ကို ကြေညာလိုက်သည့် ယနေ့ စက်တင်ဘာ ၇ ရက်တွင် ချင်းပြည်နယ် တွန်းဇံမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် ငါးဦးသည် CDF တပ်ဖွဲ့ထံ လာရောက်ပူးပေါင်းခဲ့ကြောင်း CDF တပ်ဖွဲ့က တရားဝင်သတင်းထုတ်ပြန်သည်။

အာဏာသိမ်း စစ်ကောင်စီလက်အောက်တွင် တာဝန်မထမ်းဆောင်လိုသည့်အတွက် ပြည်သူ့နှင့်အတူ ပူးပေါင်းပြီး CDM ပြုလုပ်လိုက်ခြင်းဖြစ်ကြောင်းနှင့် လူထုဆန္ဒနှင့်အညီ ရွေးချယ်တင်မြောက်လိုက်သည့် ဒီမိုကရေစီအစိုးရ ပေါ်ပေါက်မှ တာဝန်များကို ဆက်လက်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း CDM ရဲတပ်ဖွဲ့ဝင်များက ပြောသည်။

ပြည်သူ့တော်လှန်ရေး စတင်ပြီဖြစ်၍ မင်းအောင်လှိုင်၏ လိမ်လည်လှည့်ဖြား ဖိနှိပ်မှုအောက်တွင် တာဝန်ထမ်းဆောင်နေကြသော တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ဝန်ထမ်းများအနေဖြင့် NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနထံ အမြန်ဆုံးဆက်သွယ်ပြီး PDF တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းရန် NUG ယာယီ သမ္မတ ဒူဝါလရှီးလက ယနေ့နံနက်အစောပိုင်း အရေးပေါ်မိန့်ခွန်းတွင် ထည့်သွင်းပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly