နမ့်ခမ်းမြို့ ရဲစခန်းဗုံးခွဲတိုက်ခိုက်ခံရ

နမ့်ခမ်းမြို့ ရဲစခန်းဗုံးခွဲတိုက်ခိုက်ခံရ

ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့ရှိ နမ့်ခမ်းမြို့ရဲစခန်းကို ယနေ့စက်တင်ဘာလ ၇ရက် ည ၇နာရီခွဲခန့်တွင် ဗုံးဖြင့်လာရောက် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

နမ့်ခမ်းမြို့ရဲစခန်း ကင်းစောင့်သည့်နေရာသို့ ဆိုင်ကယ်ဖြင့်လာသူ သုံးဦးက ဗုံးဖြင့်ပစ်ခဲ့ကြောင်းသိရပြီး အဆိုပါဗုံးကွဲမှုကြောင့် ရဲတပ်သားတစ်ဦး ဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။

NUG မှ D-day ခေါ်ယူပြီးနောက် ယခုဖြစ်စဥ်သည် ရှမ်းပြည်နယ်အတွင်း ပထမဆုံး အာဏာသိမ်းစစ်ကောင်စီတပ်နှင့်ရဲစခန်းတို့အားတိုက်ခိုက်သည့်ဖြစ်စဥ်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly