ဘန်ကောက်မြို့က အကြီးဆုံးဆင်းရဲသားရပ်ကွက်မှာ ဗိုင်းရပ်စစ်ဆေးမှုနဲ့ စားစရာ ပေးဝေမှုတွေ လုပ်ဆောင်

ဘန်ကောက်မြို့က အကြီးဆုံးဆင်းရဲသားရပ်ကွက်မှာ ဗိုင်းရပ်စစ်ဆေးမှုနဲ့ စားစရာ ပေးဝေမှုတွေ လုပ်ဆောင်
Photo-AFP

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က အကြီးဆုံး ဆင်းရဲသားရပ်ကွက် ခလောင်တေမှာ နေထိုင်ကြသူတွေကို ယခုအခါမှာ ကိုရိုနာဗိုင်းရပ်စ် ရှိမရှိ စစ်ဆေးမှုတွေနဲ့ စားစရာ ပေးဝေမှုတွေကို လုပ်ဆောင်ပေးလျက် ရှိပါတယ်။

ထိုင်းနိုင်ငံရဲ့ မြို့တော်မှာ ရှိတဲ့ ဆင်းရဲနွမ်းပါးတဲ့ လူအစုအဖွဲ့တွေအတွက် COVID-19 ကပ်ရောဂါ ကူညီတိုက်ဖျက်ဖို့ ထူထောင်ထားတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Bangkok Community Help ဖောင်ဒေးရှင်းက ခုလိုမျိုး အဆိုပါ ဆင်းရဲသားရပ်ကွက်မှာ  ဗိုင်းရပ်စ် စစ်ဆေးမှုနဲ့ စားစရာ ပေးဝေမှုတွေကို စက်တင်ဘာ ၆ ရက်က လုပ်ဆောင်ပေးတာ ဖြစ်ပါတယ်။

ခလောင်တေ ကတော့ ဘန်ကောက်ရဲ့ အကြီးဆုံးသော COVID-19 ကူးစက်ဖြစ်ပွားနိုင်ခြေ အများဆုံး နေရာတွေအနက် တစ်ခု ဖြစ်ပြီး ယင်းမှာတော့ ကျဥ်းကျဥ်းကျုတ်ကျုတ် ကျပ်ကျပ်သပ်သပ် ဖြစ်နေတဲ့ နေရာတွေနဲ့အတူ လူတစ်ချို့ဟာ အမိုးတစ်မိုးတည်းအောက်မှာ နေထိုင်နေကြရတာတွေ ရှိနေပါတယ်။

“အိမ်က ၂၀ စတုရန်းမီတာ ဖြစ်ချင်ဖြစ်နေနိုင်ပါတယ်၊ ဒီတော့ တကယ်လို့များ တစ်ယောက်မှာ ကိုရိုနာဗိုင်းရပ်စ် ရှိနေမယ်ဆိုရင် ကျန်တဲ့သူတွေဆီမှာလည်း ရှိနေမှာက သေချာသလောက်နီးပါး ဖြစ်နေပါတယ်၊ ဒါကြောင့် သူတို့ကို ကျွန်တော်တို့ သေချာ စောင့်ရှောက်ကူညီဖို့ အရေးကြီးတာ ဖြစ်ပါတယ်” လို့ Bangkok Community Help ဖောင်ဒေးရှင်းရဲ့ ပူးတွဲတည်ထောင်သူ ဖရစ်ဆို ပိုလ်ဒါဗာ့တ်က ပြောသွားခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူဦးရေဟာ ၁ ဒသမ ၃ သန်းကျော် ရှိနေပြီး သေဆုံးသူ ၁၃,၀၀၀ ဦးကျော် ရှိနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly