ပါကစ္စတန်အစိုးရသည် ထုတ်ဖော်ပြောဆိုခွင့်ကို ပိတ်ပင်နေကြောင်း အတိုက်အခံခေါင်းဆောင် စွပ်စွဲ

ပါကစ္စတန်အစိုးရသည် ထုတ်ဖော်ပြောဆိုခွင့်ကို ပိတ်ပင်နေကြောင်း အတိုက်အခံခေါင်းဆောင် စွပ်စွဲ

ပါကစ္စတန်ဝန်ကြီးချုပ်အီမရန်ခန်း ဦးဆောင်သောအစိုးရသည် လာမည့်ရွေးကောက်ပွဲများအား ချုပ်ကိုင်လွှမ်းမိုးရန် အတိုက်အခံများနှင့် မီဒီယာများကို အသုံးချသည့် နည်းလမ်းများကိုအသုံးပြုနေသလို အတိုက်အခံများ၏ ပြောရေးဆိုခွင့်ကို ပိတ်ပင်နေကြောင်း ပါကစ္စတန်အတိုက်အခံခေါင်းဆောင် နာဝပ်ဇ်က စွပ်စွဲလိုက်သည်။

ဇိမ်ခံတိုက်ခန်းများပိုင်ဆိုင်ထားမှုဖြင့် တရားစွဲဆိုထားခြင်းအား အယူခံဝင်ပြီးနောက် PML-N ဒု-ဥက္ကဌ မာယမ် နာဝပ်ဇ်က မီဒီယာများသို့ ပြောကြားရာတွင် အစိုးရသည် ၂၀၂၃ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ကြိုတင်မဲလိမ်ရန်အတွက် စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု Dawn သတင်းဌာနက ဖော်ပြခဲ့သည်။

“ ဒီတိုင်းပြည်က လွန်ခဲ့တဲ့ ၇၃ နှစ်အတွင်း ဒီလောက်ပျက်စီးမှုကို ဘယ်တုန်းကမှ မကြုံဖူးပါဘူး။ ၁၉၄၇ ခုနှစ်လောက်ကစပြီး ဒီလောက် အရည်အချင်းမရှိ၊ ထိရောက်မှုမရှိတဲ့ အစိုးရကို လူတွေက မြင်တောင် မမြင်ဖူးပါဘူး” ဟု သူမက ဆိုသည်။

နိုင်ငံရေးအင်အားစုများသည် တိုင်းပြည်ကိုလမ်းကြောင်းမှန်ပေါ်ရောက်ရန် အဆိုပြုထားသော ပြန်လည်သင့်မြတ်ရေးလမ်းစဉ်ကို စဉ်းစားသင့်ကြောင်း မာယမ် နာဝပ်ဇ်က ပြောကြားခဲ့သည်။

“ ဒါပေမဲ့ အာဏာရ PTI အစိုးရကိုတော့ ပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်ကနေ ဖယ်ထုတ်ထားသင့်ပါတယ်” ဟု သူမက အကြံပြုသည်။

နာဝပ်ဇ်ရှရစ်ဖ် လန်ဒန်မှ ပြန်လာမှုနှင့် ပတ်သက်၍ မာယမ် နာဝပ်ဇ်က ဝန်ကြီးချုပ်ဟောင်းသည် လွန်ခဲ့သော ၃ နှစ်အတွင်း ရက်စက်ကြမ်းကြုတ်သော တာဝန်ခံမှုနှင့် ရင်ဆိုင်ခဲ့ရကြောင်း၊ ထောင်ကျစဉ် တရားမဝင်အစိုးရမှ ပြုလုပ်ခဲ့သော ရက်စက်ကြမ်းကြုမှုမျိုးစုံကို ကြုံတွေ့ခဲ့ရသည်ဟု ပြောကြားခဲ့သည်။

ရှရစ်ဖ်သည် အစိုးရ၏ နှိပ်ကွပ်မှုကြောင့် ပြည်ပသို့ ထွက်ခွာသွားခဲ့ရပြီး ပါတီက လိုအပ်ပါက သေချာပေါက်ပြန်လာလိမ့်မည်ဟု သူမက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly