သိန္နီမြို့တွင် စစ်ကားများ ဖြတ်သွားပြီးနောက် မိုင်းကွဲမှုဖြစ်ပွား

သိန္နီမြို့တွင် စစ်ကားများ ဖြတ်သွားပြီးနောက် မိုင်းကွဲမှုဖြစ်ပွား

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့နယ် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် စက်တင်ဘာ ၆ ရက် ၀၀:၄၅မိနစ် ဝန်းကျင်က မိုင်းနှစ်လုံးပေါက်ကွဲခဲ့‌ကြောင်း ဒေသခံများထံက သိရသည်။ 

အဆိုပါ ပေါက်ကွဲမှုကြောင့် အနီးရှိအိမ်တစ်လုံးပျက်စီးသွားပြီး လူထိခိုက်မှုမရှိကြောင်းသိရသည်။ 

စစ်ကားများ ဖြတ်သန်းသွားပြီးနောက်မှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့်အတွက် စစ်ကားများ ထိခိုက်မှုမရှိကြောင်း မျက်မြင်ကြုံတွေ့ခဲ့သူ သိန္နီဒေသခံက ပြောသည်။ 

"12 ခွဲကျော်လောက် စစ်ကားသံတွေကြားပြီး စစ်ကား ၂စီးလောက် အိမ်ရှေ့ဖြတ်သွားတာတွေ့လိုက်တယ်။ ပြီးတော့ခဏလေး ၅မိနစ်လောက် နေတော့ ပေါက်ကွဲသံတွေ ကြားရတာပဲ။ အခုမနက်ထိတော့ ဘယ်သူဘယ်ဝါလုပ်တယ်လို့ သတင်းမကြားဘူးခင်ဗျ"ဟု ဒေသခံတစ်ဦးက ပြောသည်။ 

သိန္နီမြို့နယ်တွင်လည်း မိုင်းပေါက်ကွဲမှုကို အကြောင်းပြုကာ စစ်ဆေးမှုများတိုးချဲ့လုပ်‌ဆောင်နေသဖြင့် ဒေသခံများထိတ်လန့်လျက်ရှိကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly