ဘင်္ဂလားဒေ့ရှ်နိုင်ငံဖခင်ကြီး ရာမန်၏ မွေးနေရာပြည့်အထိမ်းအမှတ်အနေဖြင့် အိန္ဒိယသတင်းသမဂ္ဂက မီဒီယာစင်တာဖွင့်လှစ်ရန် စီစဉ်နေ

By BSS News
06 September 2021
ဘင်္ဂလားဒေ့ရှ်နိုင်ငံဖခင်ကြီး ရာမန်၏ မွေးနေရာပြည့်အထိမ်းအမှတ်အနေဖြင့် အိန္ဒိယသတင်းသမဂ္ဂက မီဒီယာစင်တာဖွင့်လှစ်ရန် စီစဉ်နေ

ဘင်္ဂလားဒေ့ရှ်ပြည်သူများ၏ အခွင့်အရေးအတွက် တစ်ဘဝလုံးတိုက်ပွဲဝင်ခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဖခင်ကြီး ဘန်ဂါဘန်ဟူ ရှိတ်ခ်မူဂျီဘာရာမန်၏ မွေးနေ့နှစ် ၁၀ဝ ပြည့်အထိမ်းအမှတ်အနေဖြင့် အိန္ဒိယသတင်းသမဂ္ဂ(PCI) က မီဒီယာစင်တာတစ်ခုဖွင့်လှစ်ရန် စီစဉ်နေသည်။

ပြပွဲခန်းမအပါအဝင်ခေတ်မီဒစ်ဂျစ်တယ်အသုံးအဆောင်များတပ်ဆင်ထားသော Bangabandhu Media Centre အမည်ရှိ မီဒီယာစင်တာကို နယူးဒေလီမြို့တွင် ဘင်္ဂလားဒေ့ရှ်သံရုံးနှင့် ပူးပေါင်း၍ အိန္ဒိယသတင်းသမဂ္ဂအဆောက် အဦ၏ ပထမထပ်တွင် ဖွင့်လှစ်မည်ဖြစ်သည်။ အဆိုပါ အသင်းကို ၁၉၅၇ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်တွင် စတင် တည်ထောင်ခဲ့သည်။

စက်တင်ဘာ ၅ ရက်မှ ၈ ရက်အထိ နယူးဒေလီသို့ လာရောက်မည့် ဘင်္ဂလားဒေ့ရှ် ပြန်ကြားရေးနှင့် အသံလွှင့်ဌာန ဝန်ကြီး ဒေါက်တာ ဟာဆန်မာမက်သည် ဧည့်သည်တော်အဖြစ် စက်တင်ဘာ ၆ ရက်တွင် မီဒီယာစင်တာကိုဖွင့်လှစ်ရန်မျှော်လင့်ကြောင်း PCI သတင်းအရင်းအမြစ်များက စက်တင်ဘာ ၂ရက်က ပြောကြားခဲ့သည်။

ဝန်ကြီးသည် ၄ ရက်တာခရီးစဉ်အတွင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဂျိုင်းရှန်ကာနှင့် နိုင်ငံခြားရေးအတွင်းဝန် ရှန်ဂလာတို့နှင့် တွေ့ဆုံမည်ဟု မျှော်လင့်ထားကြောင်း အလည်အပတ်ခရီးစဉ်နှင့် နီးစပ်သော သတင်းရင်းမြစ်များက ပြောကြားသည်။

ထို့အပြင်သူသည် ရာဂျ်ဗိမာန်တွင် မဟ္တမဂန္ဒီအောက်မေ့ဖွယ် လွမ်းသူ့ပန်းခွေချရန်စီစဉ်ထားပြီး ဆွစ်ဟာတာခန် ဒရာသို့သွားရောက်၍ Doordarshan နှင့်သာအင်တာဗျူးပေးပြီး ကျန်မီဒီယာများ နှင့် တွေ့ဆုံမည်ဖြစ်သည်။

“ဘင်္ဂလာဒေ့ရှ်နိုင်ငံကို တည်ထောင်သူနဲ့ အိန္ဒိယရဲ့ မိတ်ဆွေကောင်းတစ်ယောက်ရဲ့ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အဖြစ် ဘန်ဂါဘန်ဟူ မီဒီယာစင်တာကို အဖွဲ့ဝင် ၄၃၀ဝ ရှိတဲ့ အိန္ဒိယသတင်းသမဂ္ဂ (PCI) မှာ ဖွင့်လှစ်တော့မှာပါ” ဟု အိန္ဒိယသတင်းသမဂ္ဂ(PCI) ဥက္ကဌ လတ်ခ်ဟီရာက BSS သို့ ပြောကြားခဲ့သည်။

“ သတင်းထောက်တစ်ယောက်ဖြစ်ခဲ့တဲ့ ဒေသတွင်းက ခေါင်းဆောင်တစ်ဦးကို ဂုဏ်ပြုတာဖြစ်ပြီး သူက ဒေသတွင်းက မီဒီယာအသိုင်းအဝိုင်းကို အများကြီးပံ့ပိုးပေးခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်တွင်သာမကဘဲ သူက အိန္ဒိယမှာလဲ နာမည်ကျော်ပါတယ်” ဟု သူက ဆက်ပြောသည်။

ဘန်ဂါဘန်ဟူကို သတင်းစာဆရာအသိုင်းအဝိုင်း၏ မိတ်ဆွေတစ်ဦးအဖြစ်ဖော်ပြခဲ့ပြီး ဘန်ဂါဘန်ဟူသည် ပျော်ရွှင်ပြီးသာယာဝပြောသောလူ့အဖွဲ့အစည်းတည်ဆောက်ရန် စာနယ်ဇင်းလွတ်လပ်ခွင့်ကို ယုံကြည်သူဖြစ်ကြောင်း အိန္ဒိယသတင်းသမဂ္ဂ(PCI) ဥက္ကဌဟောင်း ဂူတမ် လာဟီရီက ဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly