တောင်သမန် ကန်ပတ်လမ်းတွင် စစ်ကောင်စီကား ဗုံးခွဲခံရပြီးနောက် ယခုည လူငယ်များကို ၀င်ရောက် ဖမ်းဆီးနေ

တောင်သမန် ကန်ပတ်လမ်းတွင် စစ်ကောင်စီကား ဗုံးခွဲခံရပြီးနောက် ယခုည လူငယ်များကို ၀င်ရောက် ဖမ်းဆီးနေ

မန္တလေးမြို့၊ အမရပူရမြို့နယ်၊ တောင်သမန် ကန်ပတ်လမ်းအနီးရှိ တရုတ်တန်းရပ်ကွက်ကို စစ်ကောင်စီတပ်များက စက်တင်ဘာ ၅ရက် ည ၉နာရီခန့်က ဝင်ရောက်စီးနင်းကာ လူငယ်များကို ရိုက်နှက်ဖမ်းဆီးနေကြောင်း ဒေသခံများက ပြောသည်။ 

ထိုနေရာသည် ယနေ့ နံနက် ၁၁နာရီခန့်က စစ်ကောင်စီ ယာဥ်တစ်စီး ဗုံးခွဲခံရသည့် နေရာနှင့်အနီးတစ်ဝိုက်ဖြစ်သည်။ 

"အိမ်တွေ အကုန်ဖွင့်ခိုင်းတယ်။ မဖွင့်ရင် ပစ်မယ်လို့ပြောတယ်။ တချို့လည်း အရိုက်ခံရတယ်။ ဖမ်းခေါ်တာတွေလည်း ရှိတယ်"ဟု ဒေသခံတစ်ဦးကပြောသည်။ 

လက်ရှိတွင် ဖမ်းဆီးခေါ်ဆောင်သွားခံသည့် လူဦးရေကို မသိရှိရသေးပေ။ ရပ်ကွက်ထဲတွင်  စစ်ကောင်စီ လက်နက်ကိုင်အဖွဲ့က ရှိနေသေးပြီး အခြားရပ်ကွက် များကိုလည်း ဝင်ရောက် ရှာဖွေစစ်ဆေးမှုများ လုပ်နေကြောင်းသိရသည်။ 

လတ်တလောတွင် မန္တလေးမြို့၌ ပေါက်ကွဲသံ သုံးကြိမ်ထက်မနည်း ကြားနေရကြောင်း ဒေသခံများက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required