အိန္ဒိယနှင့် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးများ အာဖဂန်နစ္စတန်အခြေအနေကို ဆွေးနွေး

အိန္ဒိယနှင့် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးများ အာဖဂန်နစ္စတန်အခြေအနေကို ဆွေးနွေး

အိန္ဒိယ ပြည်ပရေးရာဝန်ကြီး အက်စ်ဂျိုင်းရှန်ကာသည် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေါမီနစ်ရာဘ့်နှင့် စက်တင်ဘာ ၁ရက်တွင် အာဖဂန်နစ္စတန်အခြေအနေနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပြီး ၁ ပတ်အတွင်း ဒုတိယအကြိမ် ဆက်သွယ် ပြောဆိုမှုဖြစ်သည်။

အထူးသဖြင့် တာလီဘန်တို့ အာဖဂန်နစ္စတန်ကို သြဂုတ်လ ၁၅ ရက်က ထိန်းချုပ်ပြီးနောက် အာဖဂန်နစ္စတန်တွင် လျင်မြန်စွာ ပြောင်းလဲဖြစ်ပေါ်နေသော အခြေအနေများနှင့်ပတ်သက်ပြီး အိန္ဒိယက အဓိကအင်အားကြီးနိုင်ငံ များနှင့် စဉ်ဆက်မပြတ်ထိတွေ့ဆွေးနွေးခဲ့သည်။

"ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး @ဒေါမီနစ်ရာဘ့်နဲ့ စကားပြောရတာတကယ့်ကို ကောင်းပါတယ်။ အာဖဂန်နစ္စတန်နဲ့ ပတ်သက်တဲ့ ပြောင်းလဲဖြစ်ပေါ်မှုတွေကို ဆွေးနွေးခဲ့ကြပါတယ်" ဟု အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး အက်စ်ဂျိုင်းရှန်ကာက ကတွစ်တာတွင် ရေးသားခဲ့သည်။

ဆယ်စုနှစ်နှစ်ခုကြာစစ်ပွဲအဆုံးသတ်ပြီးနောက် အာဖဂန်မှ အမေရိကန်တပ်များအပြီးသတ်ဆုတ်ခွာပြီး တစ်ရက်အကြာတွင် အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးနှင့် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးတို့ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

သြဂုတ်လ ၂၅ ရက်တွင်လည်း အာဖဂန်အကျပ်အတည်းနှင့် ပတ်သက်၍ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး အက်စ်ဂျိုင်းရှန်ကာသည် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေါမီနစ်ရာဘ့်နှင့် ဆွေးနွေးခဲ့သလို စက်တင်ဘာ ၁ရက်တွင်လည်း အိုမန်နိုင်ငံခြားရေးဝန်ကြီး အယ်လ် ဘူစိုင်ဒီနှင့်လည်း ဆွေးနွေးခဲ့သည်။

"အိုမန်နိုင်ငံခြားရေးဝန်ကြီး @ အယ်လ် ဘူစိုင်ဒီ နဲ့စကားပြောရတာကောင်းပါတယ်။ အာဖဂန်နစ္စတန်နဲ့ ကိုဗစ်အကြောင်း ဆွေးနွေးခဲ့ကြပါတယ်။ နေရပ်ပြန်ပို့ပေးတဲ့ ကျွန်တော်တို့ရဲ့ လေယာဉ်တွေကို ကူညီ ပေးတဲ့အတွက် အိုမန်ကို ကျေးဇူးတင်ပါတယ်" ဟု အက်စ်ဂျိုင်းရှန်ကာက တွစ်တာတွင် ရေးသားခဲ့သည်။

အာဖဂန်နစ္စတန်တွင် ဖြစ်ပေါ်မှုများကို အိန္ဒိယက အနီးကပ်စောင့်ကြည့်လျှက်ရှိသည်။

ကာတာနိုင်ငံဆိုင်ရာအိန္ဒိယသံအမတ်ကြီး ဒီပတ်ခ်မစ်တယ်သည် တာလီဘန်ခေါင်းဆောင်အကြီးတန်းအရာရှိ မိုဟာမက်အဘားစ် စတင်နက်ဇိုင်းနှင့် ဒိုဟာမြို့တွင် သြဂုတ်လ ၃၁ရက်က တွေ့ဆုံခဲ့ခြင်းသည်လည်း နှစ်ဘက်အကြား ပထမဆုံးအကြိမ် လူသိရှင်ကြားနှင့် တရားဝင်တွေ့ဆုံခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required