အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် အမေရိကန်အစိုးရအဖွဲ့မှ အကြီးတန်းအရာရှိများနှင့် တွေ့ဆုံရန် ဝါရှင်တန်သို့ ရောက်ရှိ

အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် အမေရိကန်အစိုးရအဖွဲ့မှ အကြီးတန်းအရာရှိများနှင့် တွေ့ဆုံရန် ဝါရှင်တန်သို့ ရောက်ရှိ

အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် ဟာ့ချ်ရှင်ဂလာသည် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ၏ အစိုးရအဖွဲ့မှ အကြီးတန်းအရာရှိများနှင့် တွေ့ဆုံရန် စက်တင်ဘာ၁ ရက်တွင် ဝါရှင်တန်မြို့တော်သို့ ရောက်ရှိခဲ့သည်။

အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် ဟာ့ချ်ရှင်ဂလာသည် အာဖဂန်နစ္စတန်တွင် နှစ် ၂၀ကြာစစ်ပွဲကို အဆုံးသတ်ပြီး အမေရိကန်တပ်များဆုတ်ခွာပြီးနောက် ဘိုင်ဒင်အစိုးရ၏ ထိပ်တန်းအရာရှိများနှင့် တွေ့ဆုံရန်အမေရိကန်သို့ ရောက်ရှိလာသည့် အဆင့်မြင့် အိန္ဒိယအရာရှိတစ်ဦးနှင့် အနည်းငယ်သော နိုင်ငံခြားရေးအရာရှိများထဲမှ တစ်ဦးလည်း ဖြစ်သည်။

“ အစည်းအဝေးတွေနဲ့ ဆွေးနွေးသမျှကို သတင်းထုတ်ပြန်ပေးပါမယ်၊ တက်နိုင်သလောက် သတင်းတွေ ထုတ်ပြန်ပေးသွားမှာပါ” ဟု ဟာ့ချ်ရှင်ဂလာနှင့် ပြုလုပ်သည့် အစည်းအဝေးများနှင့် ပတ်သက်၍ မေးမြန်းရာတွင် သတင်းထောက်များကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ နက်ပရိုက်က ပြောကြား ခဲ့သည်။

အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် ဟာ့ချ်ရှင်ဂလာသည် နယူးယောက်မြို့မှ ဝါရှင်တန်ဒီစီမြို့သို့ ရောက်ရှိလာခဲ့ပြီး နယူးယောက်၌ အာဖဂန်နစ္စတန်ဆိုင်ရာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အရေးကြီးအစည်းအဝေးတွင် သဘာပတိအဖြစ်ဆောင်ရွက်ခဲ့သည်။ အိန္ဒိယသည် အဖွဲ့ဝင် ၁၅ နိုင်ငံပါဝင်သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ သြဂုတ်လအတွက် ဥက္ကဌနေရာကို တာဝန်ယူထားရသည်။

အာဖဂန်နစ္စတန်နှင့် မကြာမီကျင်းပမည့် Quad အဖွဲ့၏ ထိပ်သီးဆွေးနွေးပွဲသည် အိန္ဒိယနှင့် အမေရိကန် တာဝန်ရှိသူများအကြားဆွေးနွေးမှု၏ ထိပ်ဆုံးတွင်ရှိနေဖွယ်ရှိသည်။ Quad တွင် ၄ နိုင်ပါဝင်ပြီး သြစတြေးလျ၊ အိန္ဒိယ၊ ဂျပန်နှင့် အမေရိကန်တို့ ဖြစ်သည်။

သမ္မတဂျိုးဘိုင်ဒင်သည် Quad အဖွဲ့ကို ဦးစားပေးနေရာတွင် ထားရှိပြီး ၂၀၂၁ခုနှစ် ဆောင်းရာသီတွင် ကျင်းပမည့် Quad ထိပ်သီးအစည်းအဝေးကို ၎င်းကိုယ်တိုင် တက်ရောက်ရမည်ဟု ကြေညာထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required