တရုတ်နှင့် ပတ်သက်၍ လုံခြုံရေး စိုးရိမ်ခြင်းကြောင့် ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ဘတ်ဂျက်ပိုမိုတောင်းခံ

တရုတ်နှင့် ပတ်သက်၍ လုံခြုံရေး စိုးရိမ်ခြင်းကြောင့် ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ဘတ်ဂျက်ပိုမိုတောင်းခံ

ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက အများဆုံးမှတ်တမ်းဝင်မည့် ဘတ်ဂျက်အဖြစ် ယန်း ငွေ ၅ ဒသမ ၄၈ ကို ဧပြီ ၁ ရက်မှ စတင်မည့် ဘဏ္ဍာနှစ်အတွက် တောင်းခံလိုက်သဖြင့် ဒေသတွင်း လက်နက်အင်အား ပြိုင်ဆိုင်မှု လက္ခဏာ တစ်ရပ် ဖြစ်လာနိုင်ဖွယ်ရှိသည်။

စာမျက်နှာ ၅၆ မျက်နှာပါ အစီရင်ခံစာတွင် အာကာသ၊ ဆိုက်ဘာနှင့် လျှပ်စစ်သံလိုက် လက်နက်များကဲ့သို့ နောက်ဆုံး ထွက်ရှိလာသည့် လုံခြုံရေးဆိုင်ရာ ကဏ္ဍများတွင် စွမ်းရည်တိုးမြှင့်ရန် အစီအစဉ်များအပြင် သမာရိုးကျ စစ်လက်နက်ပစ္စည်းများ အင်အားဖြည့်တင်းရေးကိုလည်း ဖော်ပြထားသည်။

တရုတ်သည် လုံခြုံရေးအရ အန္တရာယ်အများဆုံးနိုင်ငံဟု ဂျပန်က ယမန်နှစ်မှစ၍ သတ်မှတ်လာသည်။

ဒေသတွင်း တင်းမာမှုများ ဖြစ်ပေါ်နေချိန်တွင် ထိုင်ဝမ်၏ ကံကြမ္မာသည် ၎င်း၏ ကိုယ်ပိုင် လုံခြုံရေးအပေါ် မူတည်နေကြောင်း ဂျပန်၏ ကာကွယ်ဆေးဆိုင်ရာ နှစ်ပတ်လည် သုံးသပ်ချက်တွင် ပထမဆုံးအကြိမ် ထုတ်ပြန်ခဲ့ပြီး ၁ လအကြာတွင် ဘတ်ဂျက်တောင်းခံမှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီးဌာန၏ ဘတ်ဂျက်တောင်းခံမှုကို အစိုးရအဖွဲ့က အတည်ပြုပေးရန် မတင်ပြမီ ဘဏ္ဍာရေးဝန်ကြီးဌာနက ပြန်လည်သုံးသပ်ခြင်း၊ ပြင်ဆင်ခြင်းတို့ လုပ်ဆောင်နိုင်သည်။

တောင်းခံသည့်အတိုင်း အတည်ပြုပေးပါက ယခုနှစ် ဘတ်ဂျက်ပမာဏဖြစ်သော ယန်း ၅ ဒသမ ၃၄ ထရီလီယံ၏ ၂ ဒသမ ၆ ရာခိုင်နှုန်း ပိုမိုများသွားမည်ဖြစ်ကာ ကာကွယ်ရေးအသုံးရိတ် ၁၀ နှစ်မြောက် ဆက်တိုက် တိုးမြှင့်ခြင်း ဖြစ်ပြီး ၂၀၁၄ ခုနှစ်နောက်ပိုင်း အများဆုံး ရာခိုင်နှုန်း ဖြစ်သည်။

အစိုးရ လေယာဉ်များ၊ ပြန်လည်ဖွဲ့စည်းခြင်းနှင့် အိုကီနာဝါရှိ အမေရိကန်လေတပ်စခန်း အသုံးပြုခြင်းဆိုင်ရာ ပြုပြင် ထိန်းသိမ်းခြင်းများကဲ့သို့ နှစ်လယ်ကုန်ကျစရိတ်များ မပါဝင်ပါက ဘတ်ဂျက်တောင်းခံမှုသည် ယခုနှစ်ထက် ၇ ရာခိုင်နှုန်းပိုမိုကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏ အစီရင်ခံစာမှ အခြားကိန်းဂဏန်းတစ်ခုတွင် ဖော်ပြထားသည်။

သို့သော် ဂျပန်နိုင်ငံ၏ ဘဏ္ဍာရေးအခြေအနေတွင် ကြွေးမြီနှင့် ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုး (GDP) အချိုးသည် ၂၅၀ ရာခိုင်နှုန်းရှိနေသောကြောင့် အသုံးစရိတ်ကို ထိန်းချုပ်ရန် နိုင်ငံအတွက် ဖိအား ဖြစ်နေသည်။

ဝန်ကြီးဌာနများ၏ ဘတ်ဂျက်တောင်းခံမှုသည် ယန်းငွေ ၁၁၁ ထရီလီယံသို့ စံချိန်တင် မြင့်တက်နေပြီး လူမှုလုံခြုံရေး အသုံးစရိတ်နှင့် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများအတွက် ယခုကဲ့သို့ တိုးမြင့်သွားခြင်းလည်း ဖြစ်ကြောင်း မီဒီယာသတင်းများတွင် ဩဂုတ် ၃၁ ရက်က ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly