ဘုရားတည်ပြီး တိုင်းပြည်ဖျက်နေတဲ့ စစ်အုပ်စု

04 September 2021
ဘုရားတည်ပြီး တိုင်းပြည်ဖျက်နေတဲ့ စစ်အုပ်စု

မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ စစ်အုပ်စုဟာ တည်ငြိမ်နေတဲ့ တိုင်းပြည်ကို ပျက်ပြားအောင် လုပ်သူ၊ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ဖျက်ဆီးသူ၊ အမျိုးဘာသာ သာသနာကို ဖျက်ဆီးသူ၊ လူသားချင်း စာနာမှု ကင်းမဲ့တဲ့ လက်နက်ကိုင်အကြမ်းဖက်ဝါဒီများ သာ ဖြစ်ပါတယ်။ ဘာသာ၊ သာသနာဆိုတာ ကိုယ်ကျိုးအတွက် သုံးတဲ့အရာလို့ သတ်မှတ်ထားသူတွေသာ ဖြစ်ပါတယ်။ ဘုရားတွေ၊ ကျောင်းကန်တွေ တည်ဆောက်ပြရင်း အာဏာအတွက် ဘုရားသားတော် ရဟန်းတော်တွေကိုလည်း လူမဆန်စွာ နှိပ်စက်၊ သတ်ဖြတ် သလို ဘာသာ၊ သာသနာကို ခုတုံးလုပ်ကာ ဘာသာဝင်အချင်းချင်းကြား သွေးခွဲမှုတွေကို လုပ်ပြီး အာဏာတည်ဆောက်နေသူတွေသာ ဖြစ်ပါတယ်။ တစ်နည်းပြောရရင် ဘုရားတည်ပြပြီး တိုင်းပြည်ဖျက်နေသူ စစ်အုပ်စုဝါဒီများသာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required