တရုတ်ဖိအားကိုရင်ဆိုင်ရန် ထိုင်ဝမ်က အင်္ဂလိပ်ဘာသာဖြင့် ထုတ်လွှင့်သည့် မီဒီယာတစ်ခုကို စတင်

တရုတ်ဖိအားကိုရင်ဆိုင်ရန် ထိုင်ဝမ်က အင်္ဂလိပ်ဘာသာဖြင့် ထုတ်လွှင့်သည့် မီဒီယာတစ်ခုကို စတင်

ကမ္ဘာကြီးအား သတင်းစကားများပိုမိုပေးရန်နှင့် တရုတ်၏ ဖိအားကို ကိုင်တွယ်ဖြေရှင်းရန်ရည်ရွယ်၍ သြဂုတ်လ ၃၀ရက်တွင် ထိုင်ဝမ်က အင်္ဂလိပ်ဘာသာဖြင့် ထုတ်လွှင့်သော သတင်းနှင့် မီဒီယာအသစ်တစ်ခုကို စတင်ခဲ့သည်။

ထိုင်ဝမ်အစိုးရက ထောက်ပံ့ပေးထားသော ဒေါ်လာ ၂၈ သန်းဖြင့် Taiwan+ သည် ထိုင်ဝမ်အကြောင်း သတင်းနှင့် အခြားသတင်းများ၊ အစားအစာ၊ ခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှုနှင့် နည်းပညာများအထိ အွန်လိုင်းသတင်းများ ထုတ်လွှင့်မည်ဖြစ်သည်။

ထိုင်ဝမ်ကျွန်း၏ မတူကွဲပြားမှု၊ ဒီမိုကရေစီအောင်မြင်မှုများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းကို ကူညီပံ့ပိုးလိုသော ဆန္ဒတို့ကို အလေးထားဖော်ပြရန် မီဒီယာတစ်ခုလိုအပ်ကြောင်း ထိုင်ဝမ်ပြတိုက်၌ ပြုလုပ်သော မီဒီယာမိတ်ဆက်ပွဲတွင် သမ္မတစိုင်အင်းဝမ်က ကြိုတင်အသံသွင်းထားသည့် မိန်ခွန်းတွင် ပြောကြားခဲ့သည်။

“ ဒါက ကျွန်မတို့ရဲ့ ကိုယ်ပိုင်နိုင်ငံတကာမီဒီယာဖြစ်ပြီး ထိုင်ဝမ်ကနေ ထုတ်လွှင့်ပြသဖို့ ကျွန်မတို့ရဲ့ စုပေါင်းကြိုးပမ်းမှုရဲ့ အဓိက ရလဒ်တစ်ခုပဲ” ဟု သူမက ဆိုခဲ့သည်။

အာဏာရကွန်မြူနစ်ပါတီ၏ အမြင်များကို ပြင်ပပရိသတ်အား အထူးသဖြင့် နိုင်ငံပိုင်ရုပ်မြင်သံကြားလိုင်း အသစ်ဖြစ်သော အင်္ဂလိပ်ဘာသာဖြင့် ထုတ်လွှင့်သည့် China Global Television Network (သို့မဟုတ်) CGTN ကဲ့သို့သော အင်္ဂလိပ်ဘာသာစကားဖြင့် ထုတ်လွှင့်သော မီဒီယာများ တရုတ်တွင် ပိုမိုအားကောင်းနေချိန်တွင် Taiwan+ ကို စတင်လိုက်ခြင်းဖြစ်သည်။

နိုင်ငံခြားကုမ္ပဏီများအား ယင်းတို့၏ ဝက်ဘ်ဆိုက်များတွင် ထိုင်ဝမ်အား တရုတ်၏ အစိတ်အပိုင်းတစ်ခုအဖြစ် ရည်ညွှန်းဖော်ပြရန်ဖိအားပေးခြင်းနှင့် ထိုင်ဝမ်အနီးတွင် စစ်ရေးလေ့ကျင့်မှုများ ပုံမှန်ပြုလုပ်ခြင်းအပါအဝင် ထိုင်ဝမ်အား နိုင်ငံတကာမျက်နှာစာတွင် အခက်ကြုံအောင် တရုတ်က ပြုလုပ်နေသည်။

ပါလီမန်ဥက္ကဌ ယိုစီခန်က ထိုင်ဝမ်အနေဖြင့် မိမိတို့၏ အခြေအနေများကို တင်ပြရန်နှင့် တရုတ်က ဖန်တီးထားသည့် အထင်အမြင်လွဲမှားမှုများကို ရင်ဆိုင်ရန်လိုကြောင်း ဆိုခဲ့သည်။

ထိုင်ဝမ်၌ အင်္ဂလိပ်ဘာသာစကားအသုံးပြုသည့် မီဒီယာလက် အနည်းငယ်ရှိရာတွင် အထင်ရှားဆုံးမှာ ၁၉၉၉ ခုနှစ်တွင်တည်ထောင်ခဲ့ပြီး Liberty Times က ထုတ်ဝေခဲ့သည့် Taipei Times သတင်းစာဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly