လျှို့ဝှက်တွေ့ဆုံမှုတွင် တာလီဘန်များက တရုတ်ကို ကတိကဝတ်များစွာ ပေးခဲ့

By The Hong Kong Post
03 September 2021
လျှို့ဝှက်တွေ့ဆုံမှုတွင် တာလီဘန်များက တရုတ်ကို ကတိကဝတ်များစွာ ပေးခဲ့

အမေရိကန်က အာဖဂန်နစ္စတန်မှ ဆုတ်ခွာချိန်တွင် တရုတ်က တာလီဘန်များကို ကျောထောက် နောက်ခံပေးခဲ့သည်။

တာလီဘန်များက အာဖဂန်နစ္စတန်၏ မြို့တော်ကဘူးလ်အား သြဂုတ် ၁၅ ရက်တွင် မသိမ်းပိုက်မီ ရက်အနည်းငယ်က တရုတ်နှင့် တာလီဘန်တို့ အစည်းအဝေးတစ်ခုပြုလုပ်ခဲ့သည်။

အမေရိကန်သည် အနှစ် ၂၀နီးပါး အာဖဂန်နစ္စတန်တွင် အခြေစိုက်ပြီးနောက် ဘာမှမရရှိခဲ့ကြောင်း တရုတ်ရုပ်သံနှင့် တွေ့ဆုံခန်းတွင် တရုတ်ပါမောက္ခ ဝမ်ယိဝေက လှောင်ပြောင်ခဲ့သည်။

ကိုလိုနီနယ်ချဲ့များနှင့် ကျူးကျော်သူများ ကိုဖြုတ်ချသည့်အတွက် တာလီဘန်တိုက်ခိုက်ရေးသမားများအား သူက ချီးကျူးခဲ့သည်။

တာလီဘန်များသည် လျှို့ဝှက်ဆွေးနွေးပွဲများအတွင်း တရုတ်အား ကတိများပေးခဲ့ကြောင်း ရမ်မန်းတက္ကသိုလ်မှ ပါမောက္ခက ပြောကြားခဲ့သည်။

စစ်သွေးကြွအဖွဲ့က ယင်းတို့၏ အုပ်ချုပ်မှုအောက်တွင် အာဖဂန်နစ္စတန်က တရုတ်၏ အဓိက အကျိုးစီးပွားများကို ကာကွယ်ပေးမည် ဟု ကတိပြုခဲ့သည်။

“ တရုတ်ပြည်ရဲ့ တည်ငြိမ်မှုကို ထိခိုက်စေတဲ့နိုင်ငံတစ်နိုင်ငံဖြစ်လာမှာ မဟုတ်သလို အရှေ့တာကစ္စတန် အစ္စလာမ္မစ်လှုပ်ရှားမှုကိုလဲ ကာကွယ်ပေးမှာ မဟုတ်ပါဘူး” ဟု တာလီဘန်များက ကတိပြုထားကြောင်း သူက ပြောကြားခဲ့သည်။

တာလီဘန်များက အာဖဂန်နစ္စတန်အခြေအနေကို ထိန်းချုပ်နိုင်ရန် တရုတ်ပြည်၏ ပူးပေါင်း ဆောင်ရွက်မှုကို ရယူမည်ဖြစ်ကြောင်း ယိဝေက ပြောကြားခဲ့သည်။

ဥရောပသမဂ္ဂဆိုင်ရာ တရုတ်သံတမန်ဟောင်းက တာလီဘန်များသည် တရုတ်ပြည်တွင်းစစ်အတွင်းက တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) နှင့်တူသည်ဟု ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly