ပိုးလမ်းမသစ်စီမံကိန်း အဆင်ပြေစေရန် တရုတ်က တာလီဘန်များကို ထောက်ခံပေးနေ

By The Singapore Post
03 September 2021
ပိုးလမ်းမသစ်စီမံကိန်း အဆင်ပြေစေရန် တရုတ်က တာလီဘန်များကို ထောက်ခံပေးနေ

နေတိုးတပ်အင်အားဆုတ်ခွာမှုအဆုံးသတ်ခါနီးချိန်နှင့် အမေရိကန်က တိုင်းပြည်မှ ပြည်သူများကို ပိုမိုခေါ်ဆောင် နိုင်စေရန်အတွက် လက်နက်များစွာချန်ထားရစ်ခဲ့ရာ ယခုအခါယင်းလက်နက်များသည် တာလီဘန်များ လက်ဝယ်သို့ ရောက်ရှိသွားပြီဖြစ်သည်။

ယင်းအချိန်တွင် ပိုးလမ်းမသစ်အစီအစဉ်ကိုတိုးချဲ့ရန်နှင့် တွင်းထွက်သယံဇာတများကို ထုတ်ယူရန် တရုတ်က တာလီဘန်များအား တတ်နိုင်သမျှ ထောက်ခံပံ့ပိုးကူညီနေသည်။

တာလီဘန်များက အာဖဂန်နစ္စတန်ကို မသိမ်းပိုက်မီ တရုတ်အာဏာပိုင်များသည် ဇူလိုင်လကုန်တွင် တာလီဘန်များနှင့် တွေ့ဆုံမှုကြောင့် ကမ္ဘာ့ခေါင်းဆောင်များအနေဖြင့် နောက်ကွယ်မှ အကြောင်းရင်းများကို သိလိုနေကြသည်။

တရုတ်က တာလီဘန်များနှင့် နီးစပ်မှုရယူကာ အာဖဂန်နစ္စတန်ကို သြဇာလွှမ်းမိုးရန်နှင့် ၎င်းတို့၏ အနာဂတ်စီမံကိန်းများကို ဘဏ္ဍာရေးထောက်ပံ့ပေးရန်ဖြစ်နိုင်ကြောင်း နိုင်ငံရေးကျွမ်းကျင်သူများက ဆိုကြသည်။

အာဖဂန်နစ္စတန်တွင် လစ်သီယမ်အပါအဝင်သဘာဝတွင်းထွက်များစွာရှိပြီး တရုတ်က စီးပွားရေးအတွက် အသုံးချရန် ကြိုးစားနေသည်။

အနောက်နိုင်ငံများမှ စစ်လက်နက်ပစ္စည်းအဟောင်း များ တာလီဘန်များလက်ထဲရောက်နေခြင်းကို မယုံကြည် နိုင်ဖြစ်နေ ကြောင်း ဘီဘီစီရုပ်သံတင်ဆက်သူ ဂျရယ်မီဗိန်းနှင့် တွေ့ဆုံခန်းတွင် ဂျာနယ်လစ်နှင့် အစီအစဉ်တင်ဆက်သူ ပယ်ရီက ပြောကြားခဲ့သည်။

“ အမေရိကန်တွေကျန်ခဲ့တဲ့ စစ်လက်နက်ပစ္စည်းအရေအတွက်ကို မယုံကြည်နိုင်ဖြစ်နေပါတယ်” ဟု သူက ဆိုခဲ့သည်။

"အနောက်နိုင်ငံတပ်ဖွဲ့တွေပိုင်ဆိုင်တဲ့ လေယာဉ်နဲ့ ရဟတ်ယာဉ် အစင်း ၂၀ဝ နဲ့ ကားအစီးရေ ၁၀ဝဝဝ ရှိပါတယ်၊ ဒါတွေအားလုံးကို ဘယ်လို့ချန်ထားခဲ့ရတာလဲ"

အာဖဂန်တွင် ဒေါ်လာဘီလီယံနှင့်ချီတန်ဖိုးရှိသော ပစ္စည်းကိရိယာများကျန်ရစ်ခဲ့ပြီး တာလီဘန်တိုက်ခိုက်ရေး သမားများက အမေရိကန်စစ်တပ်ပိုင်ဆိုင်သည့် ညကြည့်မျက်မှန်များ၊ ကျည်ကာဝတ်စုံများနှင့် ရိုင်ဖယ်သေနတ်များကို ပြသခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly