CDM လှုပ်ရှားမှုတွင် ၀န်ထမ်းဦးရေအများဆုံးပါဝင်သည့် ပြည်နယ်မှာ ချင်းပြည်နယ်ဖြစ်

CDM လှုပ်ရှားမှုတွင် ၀န်ထမ်းဦးရေအများဆုံးပါဝင်သည့် ပြည်နယ်မှာ ချင်းပြည်နယ်ဖြစ်

ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်ဆန့်ကျင်ရေး CDM လှုပ်ရှားမှုတွင် ပါဝင်သည့် ဝန်ထမ်းများကို ဖက်ဒရယ်ဂျာနယ်က စစ်တမ်းကောက်ယူ စာရင်းပြုစုရာ ချင်းပြည်နယ်သည် ၀န်ထမ်းဦးရေ ၁၄,၅၉၁ ဦး ဖြင့် ပြည်နယ်အလိုက် CDM လှုပ်ရှားမှုတွင် ပါ၀င်သူအများဆုံးဖြစ်သည်ဟု သိရသည်။ 

ချင်းပြည်နယ်တွင် အစိုးရဝန်ထမ်း စုစုပေါင်း ဦးရေ ၂၀,၀၀၀ ကျော်ရှိသည့်အနက် ဦးရေ ၁၄,၀၀၀ ကျော်က CDM ဝင်ထားသည့်အတွက် ရာခိုင်နှုန်းအားဖြင့် ၇၂ ရာခိုင်နှုန်းကျော် ဖြစ်ကြောင်း သိရသည်။ 

"ချင်းပြည်နယ်မှာက CDMဝင်တဲ့သူ ကျန်းမာရေးဝန်ထမ်းတွေများတယ်။  မင်းတပ်ဆိုရင် အခုထိဆေးရုံတောင် ကောင်းကောင်းမဖွင့်နိုင်ဘူးလေ။ အားရစရာကောင်းတာက ကျွန်မတို့ချင်းမှာ ဆရာဝန် တော်တော်များများ ပါလာတယ်။ တချို့ဆိုညွှန်မှူးအဆင့်တွေ ပါလာတယ်။ နောက်ပြီးအားကစားမှာဆိုရင်လည်း နိုင်ငံ့ဂုဏ်ဆောင်လက်ရွေးစင် ကစားသမားတွေပါလာတယ်။ သူတို့ဆိုရင် ဌာနတွေမှာ ရာထူးကြီးကြီးတွေရနေရဲ့သားနဲ့ CDMလှုပ်ရှားမှုမှာ ပါလာကြတယ်။ ဒါကချင်းပြည်နယ်CDMလှုပ်ရှားမှုရဲ့အောင်မြင်မှုတစ်ခုပဲ"ဟု CDMလှုပ်ရှားမှုတွင် ပါဝင်သည့်ဝန်ထမ်း တစ်ဦးကပြောသည်။ 

ပြည်နယ်ခုနှစ်ခုထဲတွင် ချင်းပြည်နယ်သည် CDM လှုပ်ရှားမှုတွင် ပါဝင်မှုအများဆုံးဖြစ်ပြီး၊ စစ်ကောင်စီမှ ထပ်မံခေါ်ယူသည့် ဝန်ထမ်းစာရင်းတွင် အခြားပြည်နယ်နှင့်တိုင်း ၁၃ခုမှ လျှောက်ထားသူပေါင်းထောင်ကျော်ရှိခဲ့ပြီး ချင်းပြည်နယ်တစ်ခုတည်းသာ လျှောက်ထားသည့်သူ မရှိကြောင်းသိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly