လှိုင်မြို့နယ်တွင် စစ်ကောင်စီသတင်းပေး ဒလန်ဆိုသူ သေနတ်နှင့်ပစ်သတ်ခံရ

လှိုင်မြို့နယ်တွင် စစ်ကောင်စီသတင်းပေး ဒလန်ဆိုသူ သေနတ်နှင့်ပစ်သတ်ခံရ

ရန်ကုန်မြို့၊ လှိုင်မြို့နယ် ၁ ရပ်ကွက်တွင် စက်တင်ဘာ ၂ ရက် ညနေ ၆ နာရီခွဲဝန်းကျင်က အကြမ်းဖက် စစ်‌ကောင်စီသတင်းပေးဟု သတ်မှတ်ခံရသူ အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း သိရသည်။

ပစ်သတ်ခံရသူမှာ ကိုဇူလိုင်မိုးဆိုသူဖြစ်ပြီး ၎င်းမှာ လှိုင်မြို့နယ် ၁ရပ်ကွက် အင်ကြင်းမြိုင်လက်ဖက်ရည်ဆိုင်နားတွင် ပစ်သတ်ခံရခြင်းဖြစ်သည်။

ကိုဇူလိုင်မိုးမှာ ပြီးခဲ့သည့်လက သေနတ်ဖြင့် အပစ်ခံရပြီး သေဆုံးခဲ့သည့်ဦးတင်လှိုင်၏တပည့် ဖြစ်သည်ဟု ဒေသခံများကဆိုသည်။ 
လက်ရှိတွင် လှိုင်မြို့နယ် ၁ ရပ်ကွက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ သွားလာစစ်ဆေးနေပြီး ဇေယျမင်္ဂလာလမ်းထဲ၌လည်း မီးပိတ်သည့်အိမ်များကို စစ်ကောင်စီတပ်ဖွဲ့က ဆဲဆိုကာမီးများ ပြန်ဖွင့်ခိုင်းနေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required