တရုတ်၏ အရည်အသွေးမပြည့်သည် လက်နက်စနစ်များကြောင့် ဝယ်ယူသည့် နိုင်ငံများအခက်အခဲ တွေ့စေနိုင်

တရုတ်၏ အရည်အသွေးမပြည့်သည် လက်နက်စနစ်များကြောင့် ဝယ်ယူသည့် နိုင်ငံများအခက်အခဲ တွေ့စေနိုင်

လုပ်ဆောင်ချက် စွမ်းရည်၊ တာရှည်ခံမှု၊ ရောင်းချပြီးနောက် ဝန်ဆောင်မှုနှင့် ပြုပြင်ထိန်းသိမ်းရေးတို့နှင့် ပတ်သက်သည့် အရေးကြီးသည့် မေးခွန်းများက တရုတ်နိုင်ငံလုပ် စစ်လက်နက်ပစ္စည်းတို့နှင့် ပတ်သက်၍ နှစ်ပေါင်းများစွာ စိတ်ပျက်စရာဖြစ်စေကာ ဝယ်ယူသည့်နိုင်ငံများအတွက်လည်း အခက်အခဲများ တွေ့စေနိုင်သည်။

တရုတ်လက်နက်စနစ်များနှင့် အခြားအရေးပါသည့် ပစ္စည်းများတွင် အားနည်းချက်ဆိုးရွားစွာ ရှိနေခြင်းသည် အသုံးချနိုင်မည့် စွမ်းရည်ကို ထိခိုက်စေကာ အခြေအနေဆိုးများတွင် သင်္ဘောတစ်စင်းသည် ထိုင်နေသည့် ဘဲတစ်ကောင်ကဲ့သို့ ဖြစ်နိုင်သည်ဟု The HK Post သတင်းတွင် ဖော်ပြခဲ့သည်။

ပါကစ္စတန်က ဝယ်ယူပြီး ပင်လယ်ရေကြောင်း လုံခြုံရေးဌာန (PMSA) တွင် ၂၀၁၇ ခုနှစ်၊ မေလက စတင်အသုံးပြုလိုက်သည့် တရုတ်လုပ် ကင်းလှည့်ရေယာဉ်များသည် အသုံးပြုရာတွင် ပြဿနာများစွာ ကြုံတွေ့ခဲ့ရကာ သင်္ဘော၏ လုပ်ဆောင်ချက်စွမ်းရည်နှင့် ပါကစ္စတန်က တရုတ်လုပ် စစ်လက်နက်ပစ္စည်းများအား အလွန်အကျွံအားထားနေအပေါ် ကြီးမားသည့် မေးခွန်းတစ်ရပ် ဖြစ်လာသည်။

တရုတ်နိုင်ငံ သင်္ဘောတည်ဆောက်ရေး ကော်ပိုရေးရှင်းက တည်ဆောက်ထားသည့် ကင်းလှည့်ရေယာဉ် ၆ စင်းအနက် ၁စင်းဖြစ်သည့် PMSS Dasht ကင်းလှည့်ရေယာဉ်သည် တရုတ်-ပါစ္စတန် ကာကွယ်ရေးကဏ္ဍတွင် နက်ရှိုင်းသော ပူးပေါင်းဆောင်ရွက်မှု၏ သင်္ကေတတစ်ခု သတ်မှတ်ခဲ့သည်။ ယင်းပူးပေါင်းစီမံကိန်းတွင် ပါကစ္စတန်က အမေရိကန်ဒေါ်လာ သန်း ၁၅၀ ရင်းနှီးမြှုပ်နှံခဲ့ကြောင်း The HK Post တွင် ဖော်ပြထားသည်။

ဘလိုချီစတန်ပြည်နယ်မှ မြစ်တစ်စင်း၏ အမည်ကို ပေးထားသည့် PMSS Dasht ကို တရုတ်-ပါကစ္စတန်စီးပွားရေး စင်္ကြံ (CPEC) အပါအဝင် ပါကစ္စတန်၏ ပင်လယ်ရေကြောင်းဇုန်အား ကာကွယ်စောင့်ရှောက်ရန် အသုံးပြုထားသည်။ ယင်းသင်္ဘောကို ဘလူချီစတန်ပြည်နယ် ၊ ဂဝါဒါဆိပ်ကမ်း၌ တည်ဆောက်ခဲ့သည်။

ရေတပ်သင်္ဘောတစ်စင်းအတွက် အခြားအရေးကြီးသည့်အစိတ်အပိုင်းမှာ ဆက်သွယ်ရေးစနစ်ဖြစ်သည်။ ပြင်ပနှင့် အတွင်းပိုင်း ပေါင်းစပ်ထားသည့် ဆက်သွယ်ရေးစနစ်သည် သင်္ဘောနှင့် ကမ်းခြေပေါ်မှ ကွပ်ကွဲရေးစခန်း၊ အခြားသင်္ဘောတို့အကြား စိတ်ချယုံကြည်ရစေနိုင်သည့် စနစ်ဖြစ်သည်။

PMSS Dasht တွင် 500W HF TX/RX ဆက်သွယ်ရေစနစ်ကို တပ်ဆင်ထားသည်။ ယင်းစနစ်၏ ချို့ယွင်းချက်ကို လွန်ခဲ့သည် လအနည်းငယ်က တွေ့ရှိခဲ့သော်လည်း ပြင်ဆင်ခြင်း သို့မဟုတ် အစားထိုး လဲလှယ်ခြင်းများ မလုပ်ဆောင်ရသေးကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။

အဆိုပါ သင်္ဘော၏ အချက်ပေးစနစ် အားနည်းချက်ကိုလည်း တွေ့ရှိခဲ့ရသည်။ အကြောင်းရင်းကို မသိရဘဲ ယင်းစနစ်မှ အထွေထွေချို့ယွင်းချက်နှင့် သင်္ဘောအတွင်း ချို့ယွင်းချက်တို့ကို တွေ့ရသလို အလိုအလျှောက်အဖွင့်အပိတ် လုပ်ပေးကာ သင်္ဘောအား အသုံးပြုရာတွင် ကြီးမားသည့် ချို့ယွင်းချက်ကို တွေ့နေရသည်။

အခြားအားနည်းချက်တစ်ခုမှာ အင်ဂျင်ပိုင်းဖြစ်သည်။ ၁၆ လုံးထိုး အားကောင်းသည့် MTU 16V 4000M73L အင်ဂျင် ၄ လုံးပါရှိကာ အလယ်အလတ်မြန်နှုန်း ဒီဇယ်အင်ဂျင်များက ၁ လုံးလျှင် 2,050rpm ဖြင့် ၂၈၈၀ ကီလိုဝပ် စွမ်းအင်ထုတ်ပေးသည်။ သို့သော် ဆီလိုင်းအမှတ် ၅ သို့ မှန်ကန်စွာ တပ်ဆင်မထားသည့် ဆလင်ဒါကြောင့် ပင်မ အင်ဂျင်ကြီးက ဆီစိမ့်ထွှက်လျှက်ရှိသည်။ ယင်းသို့ လောင်စာဆီစိမ့်ထွက်ခြင်းသည် သင်္ဘောပေါ်တွင် ပေါက်ကွဲမှု ဖြစ်စေနိုင်သည်။ အထူးသဖြင့် ပင်လယ်ပြင်၌ အသုံးချနေစဉ် ဖြစ်ပွားတတ်သည်။

တရုတ်ထုတ်သင်္ဘော PMSS Dasht အပေါ် ပါကစ္စတန် ရေတပ်အရာရှိများက ဝေဖန်မှုများ ဖြစ်စေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly