နိုင်ငံတကာ ကိုဗစ်ရောဂါအနေအထား 

02 September 2021
နိုင်ငံတကာ ကိုဗစ်ရောဂါအနေအထား 

ကိုဗစ် ကူးစက်မှုတွေဖြစ်ခဲ့တဲ့ ထိုင်းနိုင်ငံမှာ  ကပ်ရောဂါဆိုင်ရာ တင်းကျပ်တဲ့ ကန့်သတ်ချက်တွေ ၃ လနီးပါးချမှတ်ထားရာက ဘန်ကောက်မြို့တော်မှာ ဈေးဝယ်ကုန်တိုက်ကြီးတွေ၊ စာသင်ကျောင်းတွေနဲ့ စားသောက်ဆိုင်တွေ  ပြန်ဖွင့်လိုက်ပါတယ်။ COVID-19 ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအဖွဲ့က သြဂုတ်လ ၂၇ ရက်နေ့မှာ ထုတ်ပြန်လိုက်တဲ့ ကြေငြာချက်အရ စားသောက်ဆိုင်တွေမှာလည်း လူအကန့်အသတ်နဲ့ ဝင်ရောက်စားသုံးခွင့်ပြုလိုက်ပါတယ်။ ရောဂါပိုးကူးစက်နိုင်ခြေများတဲ့ ပြည်နယ်၂၉ ခုက အလှပြင်ဆိုင်တွေ၊ ဆံပင်ညှပ်ဆိုင်တွေ နဲ့ အနှိပ်ခန်းတွေအပြင် အားကစားကွင်းတွေကိုပါ ပြန်ဖွင့်ခွင့်ပြုလိုက်တာပါ။ စီးပွါးရေးလုပ်ငန်းရှင်တွေအနေနဲ့လည်း သူတို့ဝန်ထမ်းတွေကို ကာကွယ်ဆေးအပြည့်ထိုးပေးဖို့နဲ့ ပုံမှန် ရောဂါပိုးစစ်ဆေးတာတွေလုပ်ဖို့ တိုက်တွန်းထားပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly