အာဖဂန်နစ္စတန်မှ သယ်ဆောင်လာသည့် ဘာသာရေးကျမ်းစာ ၃ စုံကို အိန္ဒိယနိုင်ငံ ဂျမူးပြည်ထောင်စုနယ်မြေတွင် ပူဇော်ထား

အာဖဂန်နစ္စတန်မှ သယ်ဆောင်လာသည့် ဘာသာရေးကျမ်းစာ ၃ စုံကို အိန္ဒိယနိုင်ငံ ဂျမူးပြည်ထောင်စုနယ်မြေတွင် ပူဇော်ထား

အာဖဂန်နစ္စတန်မှ ဆစ်ဘာသာ၏ Sri Guru Granth Sahib ဘာသာရေးကျမ်းစာ ၃ စုံသည် အိန္ဒိယသို့ လုံခြုံဘေး ကင်းစွာ ရောက်ရှိလာပြီးနောက် ဂျမူးပြည်ထောင်စုနယ်မြေရှိ GurudwaraDigiana Ashram ဗိမာန်တွင် ပူဇော်ပွဲ အခမ်းအနား တစ်ခုပြုလုပ်ခဲ့သည်။

ဂျမူးနှင့်ကက်ရှ်မီးယား ဘာရာတီယာဂျနတာပါတီပြောရေးဆိုခွင့်ရှိသူ စီသီက Sri Guru Granth Sahib ကျမ်းစာများ အန္တရယ်ကင်းစွာဆိုက်ရောက်မှုအတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

"စစ်မှန်တဲ့ ဂုရုဖြစ်တဲ့ Sri Guru Granth Sahib ကျမ်းစာ ၃ စုံက ဒေလီကို ဘေးကင်းစွာရောက်ရှိလာလို့ ဂျမူးနဲ့ ကက်ရှ်မီယားက လူမျိုးမရွေး၊ ဘာသာမရွေးလူအားလုံးက ဒီနေ့ဒီနေရာမှာ စုဝေးနေကြတာပါ” 

“ပြည်သူတွေရဲ့ဘာသာရေးစိတ်ဓာတ်တွေကို ကာကွယ်စောင့်ရှောက်ဖို့ ကြိုးပမ်းပေးတဲ့ ဗဟိုအစိုးရကိုလဲ ကျေးဇူးတင်ပါတယ်” ဟု သူက ပြောကြားခဲ့သည်။

စီသီက အာဖဂန်နစ္စတန်ရှိ တာလီဘန်တို့၏ လုပ်ရပ်များကိုလည်းပြစ်တင်ရှုတ်ချခဲ့သည်။

"အာဖဂန်နစ္စတန်မှာ အစောပိုင်းရောက်လာတုန်းက သူတို့က ဗုဒ္ဓရုပ်ပွားတော်တွေကိုဖျက်ဆီးခဲ့တယ်။ အခုအာဖဂန်နစ္စတန်ကို သိမ်းယူတဲ့နည်းလမ်းက စိုးရိမ်စရာကိစ္စတစ်ခုပါ။ တာလီဘန်တွေက ဘာသာရေး ကိုတင် တိုက်ခိုက်တာ မဟုတ်ပါဘူး၊ လူသားချင်းစာနာထောက်ထားမှုကိုပါတိုက်ခိုက်တာပါ။ ကျမ်းစာ ၃စုံကို အချိန်မီ ယူဆောင်လာတာကောင်းပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ဆစ်ခ်ဘာသာတရားကိုင်းရှိုင်းသူများသည် Gurudwaraဆစ်ခ်ဘုရားကျောင်းသို့ သွားရောက်ကြပြီး ဆစ်ခ်ဘာသာအတွက် မြင့်မြတ်သောကျမ်းစာရောက်ရှိမှုအတွက် ဗဟိုအစိုးရနှင့် ပြည်ထောင်စုဝန်ကြီး ပူရီတို့အား ကျေးဇူးတင်ကြောင်းပြောကြားခဲ့သည်။

အာဖဂန်နစ္စတန်မှ ကယ်ထုတ်လာသူ ၇၈ ဦးနှင့်အတူ Air India လေယာဉ်ဖြင့် ကဘူးလ်မြို့မှ ရောက်ရှိလာခဲ့သည့် Sri Guru Granth Sahib ကျမ်းစာ ၃ စုံကို သြဂုတ် ၂၄ရက်တွင် ဒေလီလေဆိပ်၌ ပြည်ထောင်စုဝန်ကြီး ပူရီက လက်ခံရယူခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly