CDM ပြုလုပ်သည့် အုပ်ချုပ်ရေးမှူးဟောင်း အိမ်ကို စစ်ကောင်စီ ဝင်ပစ်ခတ်ရာ သားဖြစ်သူ သေဆုံးပြီး ညီဖြစ်သူ ဒဏ်ရာရ

CDM ပြုလုပ်သည့် အုပ်ချုပ်ရေးမှူးဟောင်း အိမ်ကို စစ်ကောင်စီ ဝင်ပစ်ခတ်ရာ သားဖြစ်သူ သေဆုံးပြီး ညီဖြစ်သူ ဒဏ်ရာရ

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ် အမှတ် ၂၀ ချောင်းဒေါင်းရပ်ကွက်တွင် အုပ်ချုပ်ရေးမှူးဟောင်း၊ ပရဟိတအသင်းဥက္ကဌဖြစ်သူ ဦးကိုနီ၏သားဖြစ်သူနှင့် ၎င်း၏ညီဖြစ်သူအား ယမန်နေ့ဩဂုတ် ၃၁ ရက်ည ၈ နာရီ၀န်းကျင်တွင် စစ်‌ကောင်စီမှပစ်သတ်ခဲ့ရာသားဖြစ်သူသေဆုံးသွားကြောင်းဒေသခံများထံကသိရသည်။ 

"ဦးကိုနီက ၅၀၅ (က) အတပ်ခံထားရတော့ရှောင်နေတာ သူ့ကို လက်ရှိတာ၀န်ရှိတဲ့ဗျူဟာမှူးက ၅၀၅ (က) ဖြုတ်ပြီးညှိပေးမယ် အသင်းမှာတာ၀န်ပြန်ထမ်းဆောင်ပါဆိုပြီးခေါ်တဲ့အခါ သူပြန်လာတဲ့အချိန်မှာ မနေ့ညကသူ့အိမ်ထဲကို ဆိုင်ကယ် လေးစီးနဲ့ အရပ်၀တ်သေနတ်ကိုင်ထားတဲ့သူတွေက သူ့သားနဲ့သူ့ညီကိုတစ်ယောက်တစ်ချက်စီပစ်သတ်တာ သားကတော့မြင်းခြံဆေးရုံမှာတင်ဆုံးသွားတယ်၊ ညီဖြစ်သူကတော့လက်ရှိ operation ၀င်ထားရတယ် ဦးနီကတော့အိမ် ပြန်မရောက်သေးလို့ ကံကောင်းလို့လွတ်သွားတယ်"ဟုဒေသခံတစ်ဦးကမဇ္ဈိမကိုပြောသည်။ 

အဆိုပါဥက္ကဌသည် စစ်‌ကောင်စီတပ်အာဏာမသိမ်းခင်ကာလက မြင်းခြံမြို့နယ်အမှတ်(၂၀)၏ ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်းဖြစ်ကာ အာဏာသိမ်းပြီးကာလ၌ တာ၀န်ကိုဆက်လက်ထမ်းဆောင်ရန်စစ်ကောင်စီမှတာ၀န်ပေးခဲ့သော်လည်းငြင်းဆန်ခဲ့ပြီး CDM လုပ်သောကြောင့် ၅၀၅ (က)ပုဒ်မ တပ်ခံထားရသူဖြစ်သည်။ 

ထို့ကြောင့် စစ်ကောင်စီတပ်ဖွဲ့၀င်များမှ၎င်း၏နေအိမ်သို့၀င်၍ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါအရပ်၀တ်ဖြင့်ပစ်ခတ်သွားသူများမှာ အခင်းဖြစ်သည့်နေအိမ်အပါအ၀င် ဘေးပတ်၀န်းကျင်ရှိနေအိမ်များထံမှ လက်ကိုင်ဖုန်း ၆ လုံးယူဆောင်သွားကြောင်းဒေသခံများက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required