သြဂုတ်လ ဖီဖာအဆင့်သတ်မှတ်ချက်အရ  မြန်မာအမျိုးသမီးအသင်း အာရှအဆင့် ၁၀ မှာ ရပ်တည်

သြဂုတ်လ ဖီဖာအဆင့်သတ်မှတ်ချက်အရ  မြန်မာအမျိုးသမီးအသင်း အာရှအဆင့် ၁၀ မှာ ရပ်တည်
Photo: MWL

သြဂုတ်လအတွက် ထုတ်ပြန်တဲ့ ဖီဖာရဲ့ အဆင့်သတ်မှတ်ချက်အရ မြန်မာ့အမျိုးသမီးလက်ရွေးစင်အသင်းဟာ ကမ္ဘာ့အဆင့် ၄၆၊ အာရှအဆင့် ၁၀ နေရာမှာ ရပ်တည်မှုနဲ့အတူ လက်ရှိ အာရှထိပ်တန်း ၁၀ သင်းထဲ ပါဝင်နေတယ်လို့  သိရပါတယ်။

မြန်မာအမျိုးသမီးအသင်းဟာ ပြီးခဲ့တဲ့နှစ်က ကမ္ဘာ့အဆင့် ၄၅ မှာ ရပ်တည်ခဲ့ပြီး ယခုအခါ စုစုပေါင်းရမှတ် ၁၅၁၁ မှတ်နဲ့အတူ အဆင့် ၄၆ နဲ့ အဆင့်တစ်ဆင့် ကျသွားခဲ့ပါတယ်။

အာဆီယံဘောလုံးအသင်း နှစ်သင်းဖြစ်တဲ့ ဗီယက်နမ်နဲ့ ထိုင်းအသင်းတို့ဟာလည်း ထိပ်တန်း ၁၀ သင်းစာရင်းထဲ ပါဝင်ပါတယ်။

ဗီယက်နမ်အသင်းဟာ ကမ္ဘာ့အဆင့် ၃၂၊ စုစုပေါင်းရမှတ် ၁၆၅၇ မှတ်နဲ့အတူ လက်ရှိ အာရှအကောင်းဆုံးအသင်းတွေထဲကမှ အဆင့် ၆ နေရာမှာ ရပ်တည်နေသလို ထိုင်းအသင်းကလည်း ကမ္ဘာ့အဆင့် ၃၉၊ စုစုပေါင်းရမှတ် ၁၅၉၆ မှတ်နဲ့အတူ ဗီယက်နမ်အသင်းရဲ့နောက် အဆင့် ၇ နေရာမှာ ရှိပါတယ်။

သြစတေးလျအသင်းကတော့ ကမ္ဘာ့အဆင့် ၁၁ နဲ့အတူ အာရှမှာ ဒုတိယအကောင်းဆုံးအသင်းဖြစ်ပြီး ဂျပန်က ကမ္ဘာ့အဆင့် ၁၃ နဲ့ တတိယအကောင်းဆုံးအာရှအသင်းတစ်သင်းအဖြစ် ရှိနေပါတယ်။

မြောက်ကိုရီးယားအသင်းမှာ အာရှအသင်းတွေထဲကမှ လက်ရှိ အကောင်းဆုံးဖြစ်ပြီး ကမ္ဘာ့အဆင့် ၉ နေရာမှာ ရှိပါတယ်။ တရုတ်ကတော့ ကမ္ဘာ့အဆင့် ၁၇ နဲ့ အာရှမှာ စတုတ္ထအကောင်းဆုံးဖြစ်ပါတယ်။

တချိန်တည်းမှာပဲ တောင်ကိုးရီးယားက ကမ္ဘာ့အဆင့် ၁၈ နဲ့ အာရှမှာ အဆင့် ၅ ဖြစ်ပြီး ထိုင်ဝမ်က အာရှမှာ အဆင့် ၈၊ ကမ္ဘာမှာ အဆင့် ၄၀ ဖြစ်ပါတယ်။

ဥဇဘက်ကစ္စတန်အသင်းကတော့ မြန်မာရဲ့အထက် အဆင့် ၉ နေရာဖြစ်ပြီး ကမ္ဘာ့အဆင့် ၄၃ နေရာမှာ ရမှတ် ၁၅၃၇ မှတ်ရရှိထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly