မုန်းမြို့နယ်က သင်းအုပ်ဆရာအပါအဝင် အရပ်သား ၆ ဦးကို စစ်ကောင်စီ ဖမ်းဆီး

မုန်းမြို့နယ်က သင်းအုပ်ဆရာအပါအဝင် အရပ်သား ၆ ဦးကို စစ်ကောင်စီ ဖမ်းဆီး

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်ရှိ ရေလဲကျေးရွာက ဒေသခံခြောက်ဦးကို အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဩဂုတ်လ ၃၁ ရက် နံနက်ပိုင်းတွင် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ကရင်အမျိုးသားအစည်းအရုံးက ထုတ်ပြန်သည်။

သင်းအုပ်ဆရာ ဆရာမိုးဇက်အပါအဝင် စောကပရူစေး၊ စောဌေးလွင်၊ ကိုမင်းမင်း၊ ဦးမြင့်ရွှေနှင့် စောကပရူထူး စုစုပေါင်း ခြောက်ဦးကို စစ်ကောင်စီလက်အောက်ခံ ခမရ (၃၉၄) တပ်ရင်းမှ ဗိုလ်ကြီးအဆင့်ရှိသူ ဇေယျာလင်းက ဦးဆောင်ပြီး ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။ 

အဆိုပါ ဖမ်းဆီးခံရသူများကို အာဏာသိမ်းစစ်ကောင်စီက စစ်ဆေးမေးမြန်းပြီးနောက် သင်းအုပ်ဆရာဖြစ်သူ စောမိုးဇက်ကို အသက်ကြီးသောကြောင့် ပြန်လွှတ်ပေးလိုက်သော်လည်း ကျန်းငါးဦးကို စစ်ဆေးမေးမြန်းပြီး ပြန်လွတ်ပေးမည်ဟုဆိုကာ နတ်သံကွင်းကျေးရွာဘက်သို့ ခေါ်ဆောင်သွားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required