SinopharmCovid ကာကွယ်ဆေးသည် ထိရောက်မှုနည်းပါးကြောင်း ဘာရိန်း၌ ပြုလုပ်သည့် လေ့လာမှုတွင် တွေ့ရှိ

SinopharmCovid ကာကွယ်ဆေးသည် ထိရောက်မှုနည်းပါးကြောင်း ဘာရိန်း၌ ပြုလုပ်သည့် လေ့လာမှုတွင် တွေ့ရှိ

တရုတ်နိုင်ငံမှ ထုတ်လုပ်သော ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharmသည် အထူးသဖြင့်အသက် ၅၀ ကျော် များတွင် ကူးစက်မှု၊ ဆေးရုံတင်ရမှုနှင့် သေဆုံးမှုတို့ကို ကာကွယ်ရာတွင် အခြားဆေးများထက် ထိရောက်မှု နည်းပါးကြောင်း ဘာရိန်းနှင့် ကိုလံဘီယာတက္ကသိုလ်မှ သုတေသီများက လေ့လာတွေ့ရှိခဲ့သည်။

တရုတ်ကာကွယ်ဆေးများသည် တရုတ်အစိုးရ၏ နိုင်ငံတကာသံတမန်ရေးရာတွင် အရေးပါသည့်ကိရိယာ တစ်ခုဖြစ်လာခဲ့ပြီး အထူးသဖြင့်ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အမေရိကန်နှင့် ဥရောပမှ ထိုးဆေးများ လုံလောက်စွာမထိုးပေးနိုင်ပေ။

Sinopharmကာကွယ်ဆေးထိုးနှံမှုမြင့်မားသော်လည်း ဘာရိန်းတွင် မေလက Pfizer Inc. နှင့် BioNTech SE တို့မှ ထုတ်လုပ်သောကာကွယ်ဆေးကို ကိုယ်ခံအားနည်းသောနိုင်ငံသားများအား ဆေးအရှိန် မပြတ်စေရေးအတွက် ကာကွယ်ဆေးထပ်မံ ထိုးပေးမှုများ စတင်ခဲ့သည်။

အခြားကာကွယ်ဆေးထိုးသူများအတွက်လည်း ဆေးအရှိန် မပြတ်စေရေးအတွက် ကာကွယ်ဆေးများ ထပ်မံထိုးပေးခဲ့သည်။

သုတေသနသုံးသပ်မှုမတိုင်မီ ယခုသီတင်းပတ်အွန်လိုင်းတွင် တင်ခဲ့သော လေ့လာမှုတွင် ပါရှန်ပင်လယ် ကွေ့ ကျွန်းနိုင်ငံဖြစ်သော ဘာရိန်း၌ ဒီဇင်ဘာလကတည်းက ကာကွယ်ဆေးများထိုးပေးခဲ့ပြီး အိန္ဒိယတွင် ပြန်လည်ထုတ်လုပ်ထားသည့် AstraZeneca ၏ ကာကွယ်ဆေးဖြစ်သည့် Covishieldနှင့် ရုရှားထုတ် Sputnik V တို့ အပါအဝင်ကာကွယ်ဆေးထိုးထားသူများသည် ကာကွယ်ဆေးမထိုးထားသူများနှင့် နှိုင်းယဉ်ပါက ပြင်းထန်သော နာမကျန်းမှုနည်းပါးကြောင်း တွေ့ရသည်။

သို့သော် ကာကွယ်ဆေးထိုးပြီးသော်လည်း သေဆုံးသူအရေအတွက်တွင် Sinopharmထိုးထားသူများ သည် ဝ ဒသမ ၄၆ ရာခိုင်နှုန်း၊ Pfizer-BioNTechအတွက် ဝ ဒသမ ၁၅ ရာခိုင်နှုန်းနှင့် AstraZeneca အတွက် ဝ ဒသမ ဝ၃ ရာခိုင်နှုန်း ဖြစ်ကြောင်း လေ့လာမှုက ဖော်ပြသည်။

Delta ဗီဇကွဲဗိုင်းရပ်စ်ကူးစက်မှု ဖြစ်ပွားမှုမြင့်တက်ချိန်တွင်လည်း ဆေးရုံတက်ရနှုန်းနှင့် ကူးစက်ခံရနှုန်းသည် လည်း အလားတူဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly