နှစ်မကုန်မီတွင် ထိုင်ဝမ်နှင့် လက်နက်အရောင်းအဝယ်ကို အိုဘားမား အကောင်အထည်ဖော်ဖွယ်ရှိ

နှစ်မကုန်မီတွင် ထိုင်ဝမ်နှင့် လက်နက်အရောင်းအဝယ်ကို အိုဘားမား အကောင်အထည်ဖော်ဖွယ်ရှိ

ဝါရှင်တန်၊ ဒီဇင်ဘာ - ၁၅ ။         ။ တရုတ်၏ ဆန့်ကျင်ကန့်ကွက်မှု ရှိနေသော်လည်း ထိုင်ဝမ်သို့ ပဲ့ထိန်းဒုံးကျည်တပ် စစ်သင်္ဘောနှစ်စင်း ရောင်းချရန် အိုဘားမားအစိုးရက ယခုရက်သတ္တပတ်တွင် ခွင့်ပြုဖွယ်ရှိသည်ဟု ကွန်ဂရက်သတင်းရင်းမြစ်များက ဒီဇင်ဘာ ၁၄ရက်နေ့တွင် ပြောကြားခဲ့သည်။

အစောဆုံး အခုရက်သတ္တပတ်မှာ ကြေညာမယ်လို့ မျှော်လင့်ရပါတယ်ဟု ရီပတ်ဘလီကင် ကွန်ဂရက်လွှတ်တော် လက်ထောက်တစ်ဦးက ပြောကြားခဲ့သည်။ အစိုးရက လတ်တလောတွင် တရားဝင်ကြေညာလာနိုင်ကြောင်းလည်း အခြားကွန်ဂရက်လွှတ်တော်လက်ထောက်တစ်ဦးက ပြောကြားခဲ့သည်။

ယခုရောင်းချမှုမှာ လေးနှစ်အတွင်း အမေရိကန်ပြည်ထောင်စုက ထိုင်ဝမ်သို့ လက်နက်တင်ပို့သည့် ပထမဆုံးအကြိမ်ဖြစ်ပြီး ပဲ့ထိန်းဒုံးကျည်လက်နက် မရောင်းချသည်မှာမူ ဆယ်စုနှစ်လေးခုမျှ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

ကွန်ဂရက်က ၂၀၁၄ခုနှစ် ဒီဇင်ဘာလတွင် ပယ်ရီအတန်းအစား စစ်သင်္ဘော ၄စင်းနှင့်အထက်အထိ ထိုင်ဝမ်သို့ ရောင်းချခွင့်ပြုသည့် ရေတပ်လွှဲပြောင်းခွင့်အက်ဥပဒေ (Naval Transfer Act)ကို အတည်ပြုခဲ့ပြီးနောက်တွင် ယခုကဲ့သို့ ရောင်းချမှု ဖြစ်ပေါ်လာခဲ့ခြင်းပင် ဖြစ်သည်။

စစ်သင်္ဘော၂စင်းအတွက် ကန်ဒေါ်လာ ၁၇၆သန်း ပေးချေရန် မျှော်လင့်ထားကြောင်း ထိုင်ဝမ်က ပြောကြားခဲ့ပြီး နောက်ထပ်၂စင်း ဝယ်ယူရန် ဆုံးဖြတ်ချက်ကိုမူ လိုအပ်ချက်များကို ပြည်လည် စဉ်းစားသုံးသပ်ဦးမည်ဟု ဆိုသည်။   

သမ္မတအိုဘားမားက လွှဲပြောင်းရေးအက်ကို ဥပဒေအဖြစ် လက်မှတ်ထိုးပေးခဲ့သော်လည်း တိုင်ပေအနေဖြင့် ကာကွယ်ရေးရည်ရွယ်ချက်အတွက်သာ အသုံးပြုစေမည့် ထိုင်ဝမ် ဆက်ဆံရေး အက်ဥပဒေကို ဝါရှင်တန်၏ အာမခံမှုတစ်စိတ်တစ်ပိုင်းအနေဖြင့် အိုဘားမားအစိုးရက လက်နက်ရောင်းချမှုနှင့် ပတ်သက်သည့် ရှေ့လုပ်ငန်းစဉ်များကို ကွန်ဂရက်သို့ အစီရင်ခံရမည်ဖြစ်သည်။

ရောင်းချမှုကို မည်သည့်အချိန်တွင် လုပ်ဆောင်မည်ဆိုသည်နှင့် ပတ်သက်သည့်  အချိန်အပိုင်းအခြားကို သတ်မှတ်ပေးရန် အိုဘားမားကို တိုက်တွန်းသည့် ဥပဒေတစ်ရပ်ကို အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီက လွန်ခဲ့သည့် ရက်သတ္တပတ်က တညီတညွတ်တည်း မဲပေးမှုအပါအဝင် ကွန်ဂရက်၏ ဖိအားများ မြင့်မားလာနေချိန်တွင် ဖြစ်ပေါ်လာခဲ့သည့် လက်နက်ရောင်းချမှုနှင့် ပတ်သက်ရျ် အိမ်ဖြူတော်က တစ်စုံတစ်ရာ မှတ်ချက်ပြု ပြောကြားခြင်းမရှိပေ။

အတိတ်ကာလတုန်းက အမေရိကန်က ထိုင်ဝမ်ကို လက်နက်ရောင်းချခဲ့သည့်အခါတိုင်း ထိုင်ဝမ်ကို ၎င်း၏ ခွဲထွက်ပြည်နယ်အဖြစ်သာ ယူဆထားခဲ့သည့် တရုတ်က ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချခဲ့သည်။
တရိပ်ရိပ် အင်အားကြီးလာနေသည့် မဟာဗျူဟာ ပြိုင်လည်းဖြစ်သကဲ့သို့ ကမ္ဘာ့ ဒုတိယစီးပွားရေးအင်အား အကြီးဆုံးအနေဖြင့် အရေးကြီးသည့် စီးပွားရေးအကျိုးတူဖက်လည်း ဖြစ်နေသည့် တရုတ်နှင့် အလုပ်သဘော ဆက်ဆံရေး တည်ငြိမ်စေလိုသည့် အစိုးရ၏ ဆန္ဒအရ ယခုလက်နက်ရောင်းချမှုကို လူသိရှင်ကြားမဖြစ်အောင် ထိန်းသိမ်းထားသည်ဟု ဝေဖန်သုံးသပ်သူများနှင့် ကွန်ဂရက်သတင်း ရင်းမြစ်များက ယုံကြည်နေကြသည်။

တိုင်ပေ၏ ဘတ်ဂျက်လည်ပတ်မှုအရ နောက်ဆုံးသတ်မှတ်ကာလဖြစ်သည့် ၂၀၁၅ နှစ်မကုန်မီတွင် လက်နက်အရောင်းအဝယ်ကို အိမ်ဖြူတော်က တွန်းတွန်းတိုက်တိုက် အကောင်အထည်ဖော်ဖွယ်ရှိနေ သည်ဟုလည်း ကွန်ဂရက်သတင်းအရင်းမြစ်များက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly