မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း ကိုထောက်ခံကြောင်း ဆန္ဒပြ

မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း ကိုထောက်ခံကြောင်း ဆန္ဒပြ

ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများက ကုလသမဂ္ဂရုံးချုပ်တွင် မြန်မာနိုင်ငံကိုယ်စားပြု ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်တဲ့ မြန်မာသံမတ်ကြီးအား ရွေးချယ်ပွဲတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ထောက်ခံကြောင်းကို သြဂုတ်လ ၃၀ ရက်နေ့ မွန်းလွဲပိုင်းအချိန် ဆန္ဒပြခဲ့ကြသည်။

တိုကျိုမြို့ရှိ နိုင်ငံပေါင်း (၅၅) နိုင်ငံဖြင့် ဖွဲ့စည်းထားသည့် အာဖရိကန် ပြည်ထောင်စု African Union (A U) အခြေစိုက်ဖြစ်သည့် အီသီယိုးပီးယား သံရုံးတွင် သံအမတ်ကြီးကိုထောက်ခံကြောင်း နှင့် အိတ်ဖွင့်ပေးစာ တဆောင်ကိုလည်း ပေးအပ်နိုင်ဖို့ လုပ်ဆောင်ခဲ့သော်လည်း သံအမတ်မရှိတာကြောင်း မပေးအပ်ဖြစ်ခဲ့ပေ။

“African Union (A U) ရဲ့ပါဝင် ပက်သက်ထောက်ခံမှုက မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်တာဝန်ထမ်းဆောင်ရန်အတွက် အထူးအရေးကြီးသည့်အတွက် African Union (A U)မှာ မြန်မာပြည်သူများ၏ ဒီမိုကရေစီအရေးကို အားပေးကူညီထောက်ခံပေးဖို့အတွက် မေတ္တာရပ်ခံတောင်းဆိုဆန္ဒထုတ်ဖေါ် ခဲ့တာ“ ဟု ဆန္ဒပြရာမှာ ပါဝင်သူတွေက ဆိုသည်။

လာမည့် စက်တင်ဘာလထဲတွင် ကုလသမဂ္ဂရုံးချုပ်တွင် မြန်မာနိုင်ငံကိုယ်စားပြု ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်တဲ့ မြန်မာသံမတ်ကြီး အား ရွေးချယ်မှာဖြစ်ပါသည်။ အထွေအထွေညီလာခံ၏အစိပ်အပိုင်းဖြစ်တဲ့ အဖွဲ့ဝင် (၉) နိုင်ငံပါ အရည်အချင်း စစ်ကော်မတီ Credentials Committee က ဆုံးဖြတ် သွားဖို့ရှိနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly