လက်နက်ကိုင်ထားသည့် မန်းဂျော်နီပုံ အွန်လိုင်းပေါ်ပျံနှံ့ပြီးနောက် ၎င်း၏နေအိမ်ကို စစ်ကောင်စီက ဝင်ရောက်စီးနင်းရှာဖွေ

လက်နက်ကိုင်ထားသည့် မန်းဂျော်နီပုံ အွန်လိုင်းပေါ်ပျံနှံ့ပြီးနောက် ၎င်း၏နေအိမ်ကို စစ်ကောင်စီက ဝင်ရောက်စီးနင်းရှာဖွေ

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်၊ အောင်ဆန်းရပ်ကွက်ရှိ ဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီ၏နေအိမ်ကို စစ်ကောင်စီက ဩဂုတ် ၂၉ရက်တွင် ဝင်ရောက်ရှာဖွေမှု လုပ်ဆောင်ခဲ့ကြောင်းဒေသခံများက ပြောသည်။

“အဖိုးအိမ်ကို ဝင်ရှာတာ ပထမတော့ ကျွန်တော်အကို ကိုခေါ်သွားတယ်။ သိပ်မကြာပါဘူး ပြန်လွှတ်လိုက်တယ်။ မိသားစုဝင်တွေကိုတော့ ခရီးမသွားဖို့ ခရီးသွားရင် သူတို့ကိုအကြောင်းကြားရမယ်လို့ မှာထားတယ် ပြောတယ်။ နာဇရတ်ကက်သလစ်ဘုရားကျောင်းကိုလည်း ဝင်ရှာသေးတယ်။ ဘာမှတော့ လုပ်မသွားဘူး”ဟု မန်းဂျော်နီး၏မိသားစုဝင်များနှင့် နီးစပ်သူတစ်ဦးကပြောသည်။ 

ပြောက်ကျားဝတ်စုံဝတ်ဆင်ထားပြီး သေနတ်ကိုင်ဆောင်ထားသည့် မန်းဂျော်နီ၏ ဓာတ်ပုံ အွန်လိုင်းပေါ် တွင် ပျံ့နှံ့ခဲ့ပြီးနောက် ယခုကဲ့သို့ စစ်ကောင်စီမှအင်အား  ၁၀၀ ခန့်ဖြင့်  ၎င်း၏ မိသားစုဝင်များနေထိုင်သည့် နေအိမ်ကို ဝင်ရောက်ရှာဖွေမှု လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ 

ဝင်ရောက်ရှာဖွေအပြီးတွင် မန်းဂျော်နီ ဝန်ကြီးချုပ်အဖြစ်က အနားယူပြီးနောက်တွင် ဝယ်ယူထားသည့် မော်တော်ယာဉ်တစ်စင်းနှင့် နေအိမ်ရှိ လက်ကိုင်ဖုန်းအချို့ကို သိမ်းဆည်းသွားခဲ့ကြောင်း သိရသည်။

ယင်းရှာဖွေလုပ်ဆောင်မှုသည် စစ်ကောင်စီ၏ တိုက်ရိုက်ညွှန်ကြားချက်အတိုင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည့်အတွက် တစ်စုံတရာ သိရှိရန် ခက်ခဲကြောင်း ဧရာဝတီတိုင်းအတွင်းရှိ အမည်မဖော်လိုသူ သတင်းရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly