ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ၃ခုအား အထူးစစ်ဆေးမှုလုပ်ဆောင်ရန် စစ်ကောင်စီသတ်မှတ်

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ၃ခုအား အထူးစစ်ဆေးမှုလုပ်ဆောင်ရန် စစ်ကောင်စီသတ်မှတ်

Covid -19  ရောဂါအား အကြောင်းပြ၍ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်သုံးခုအား အထူးစစ်ဆေးမှုများလုပ်ဆောင်ရန် စစ်ကောင်စီက သတ်မှတ်လိုက်သည်။ 

သြဂုတ် ၂၈ ရက် FAX တစ်စောင်တွင် Covid -19ရောဂါ နှင့်တကွ ၎င်းရောဂါပြန့်ပွားမှုများအား ပြည်သူလူထုအတွင်း ထိထိရောက်ရောက်ထိန်းချုပ်ရန်ဟုဆိုကာမြန်မာတစ်နိုင်ငံလုံး အထူးစစ်ဆေးဆောင်ရွက်မှုလုပ်ဆောင်ရမည့် မြို့နယ် ၄၉မြို့နယ်အားထုတ်ပြန်ခဲ့ရာ  ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်သုံးခု ပါဝင်လာခြင်းဖြစ်သည်။ 

ရန်ကုန်တိုင်းဒေသကြီးမှ ပါ၀င်သည့်မြို့နယ်များမှာမင်္ဂလာဒုံမြို့နယ်၊ မှော်ဘီမြို့နယ် နှင့် လှိုင်သာယာမြို့နယ်တို့ဖြစ်ပြီး အထူးစစ်ဆေးဆောင်ရွက်မှုလုပ်ဆောင်ရမည့်မြို့နယ်များအဖြစ်သတ်မှတ်ထားသည်။ 

ယင်းကြောင့် မင်္ဂလာဒုံ‌မြို့နယ်နေ ပြည်သူများအနေဖြင့် အိမ်ပြင်သို့ထွက်သည့်အခါ အထူးသတိထားသွားလာကြပါရန်၊ ထိပ်တိုက်တွေ့ခြင်းများအား ရှောင်ရှားကြပါရန်၊ အရေးအကြောင်းမရှိဘဲ အိမ်ပြင်သို့ထွက်ခြင်းများ လျှော့ချကြပါရန် နှင့် အရာရာသတိကြီးစွာ သွားလာလှုပ်ရှားလုပ်ကိုင်ကြပါရန် မင်္ဂလာဒုံအမျိုးသားအစည်းအရုံး - MNU မှ အထူးတိုက်တွန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly