ကင်းလှည့်ရန် ပြင်ဆင်နေသည့် ယာဥ်တန်းနှင့် ပြည်ခိုင်ဖြိုးပါတီရုံး ဗုံးပေါက်ကွဲ

ကင်းလှည့်ရန် ပြင်ဆင်နေသည့် ယာဥ်တန်းနှင့် ပြည်ခိုင်ဖြိုးပါတီရုံး ဗုံးပေါက်ကွဲ

မန္တလေးမြို့တွင် ကင်းလှည့်ရန် ပြင်ဆင်နေသည့် စစ်ကောင်စီ ယာဥ်တန်းနှင့် ပြည်ခိုင်ဖြိုးပါတီရုံးတို့တွင် ယနေ့ (သြဂုတ်၂၉ရက်) ဗုံးပေါက်ကွဲမှုများ ဖြစ်ခဲ့ကြောင်း သိရသည်။

ယနေ့ နေ့လည်ပိုင်းက ပြည်ကြီးတံခွန်မြို့နယ်၊၆၂လမ်း၊ ၁၁၂လမ်းနှင့် ၁၁၃လမ်းကြားရှိ သစ်တောရုံးအနီးတွင် ကင်းလှည့်ရန် ပြင်ဆင်နေသည့် စစ်ကောင်စီယာဉ်တန်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားများ ဒဏ်ရာရရှိခဲ့သည်။

"ပုံမှန် ကင်းလှည့်တဲ့ယာဥ်တွေ ထွက်ဖို့လုပ်နေချိန်မှာ ပေါက်တာ လူနာတင်ယာဥ် ရောက်လာတယ်။ထိခိုက်သေဆုံးတော့ မသိရဘူး။ သိပ်မကြာခင်မှာ စစ်တပ်က အင်အားအများကြီးနဲ့ ရောက်လာတယ် "ဟု သစ်တောရုံး အနီးနေထိုင်သူတစ်ဦးက ပြောသည်။

ပေါက်ကွဲမှုအပြီး အဆိုပါနေရာကို စစ်ကောင်စီက ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

ထို့အပြင် ယနေ့ညနေပိုင်းတွင် မဟာအောင်မြေမြို့နယ်၊ ၃၅လမ်းနှင့် လမ်း၉၀ရှိ ပြည်ခိုင်ဖြိုးပါတီရုံးအတွင်း ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး ရုံးမျက်နှာကျက်ပျက်ဆီးသွားကြောင်းသိရသည်။

အဆိုပါပေါက်ကွဲမှုတွင် ထိခိုက်ဒဏ်ရာရသူမရှိကြောင်း ကနဦးသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly