စစ်ကောင်စီတပ် လက်နက်ကြီးကျည်က ရွာထဲကျ အရပ်သား ၄ ဦးသေဆုံး

စစ်ကောင်စီတပ် လက်နက်ကြီးကျည်က ရွာထဲကျ အရပ်သား ၄ ဦးသေဆုံး

မူဆယ်ခရိုင် မုံးကိုးမြို့နယ်တွင် စစ်ကောင်စီတပ်က ကျေးရွာထဲလက်နက်ကြီးဖြင့်ပစ်ခတ်သဖြင့် အရပ်သားလေးဦးထိမှန်သေဆုံးသွားခဲံသည်။

စစ်ကောင်စီတပ်က ဖောင်းဆိုင်နှင့် မုံးကိုးမှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်က နမ့်ဟာရွာထဲ့သို့ကျရောက်ပြီး ကလေးငယ်တစ်ဦး၊ လူလတ်ပိုင်းတစ်ဦးနှင့် လူကြီးနှစ်ဦးကို ထိမှန်ခဲ့သည်။ 

ဒေသခံတစ်ဦးက “လက်နက်ကြီးက အိမ်ပေါ် ကျသွားတော့ စစချင်းက သုံးယောက်ပဲ သေတယ်။ ပြီးမှ တစ်ယောက် ထပ်သေတာပါ” ဟု ပြေ့ာသည်။

နမ့်ဟာရွာသည် ဖောင်းဆိုင်နဲ့ မုံးကိုးကြားမှာရှိပြီး တအာင်း (ပလောင်)လူမျိုးတွေ အများစု နေထိုင်တဲ့ကျေးရွာတစ်ရွာဖြစ်ပြီးတော့ သေဆုံးသူတွေကလည်း တအာင်းလူမျိုးတွေ ဖြစ်သည်။

ဒေသအတွင်း စစ်ကောင်စီတပ်များနှင့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ပူးပေါင်းတပ်များ တိုက်ပွဲများဖြစ်ပွားနေခဲ့ရာ ယမန်နေ့ကတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က တပ်ရင်းမှူးပါသေသွားပြီး အကျအဆုံးများခဲ့သည်ဟု ဒေသတွင်းကလာသော သတင်းများအရသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly