တာမွေမြို့နယ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား

တာမွေမြို့နယ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား

ရန်ကုန်တိုင်း တာမွေမြို့နယ်တွင် ယနေ့ည ၁၀ နာရီခန့်က ဗုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ယင်းမြို့နယ်တွင် နေထိုင်သူများထံမှ သိရသည်။

"အသံတော်တော်ကျယ်တယ်။ အိမ်ပါတုန်တယ်။ ဘယ်နေရာဆိုတာတော့ မသိရသေးဘူး။ ဒီအချိန်က" ဟု တာမွေမြို့နယ်တွင်နေထိုင်သူတစ်ဦးကဆိုသည်။

ဗုံးပေါက်ကွဲသံကြားရပြီးချိန်တွင် ဗညားဒလလမ်းပေါ်ရှိ တာမွေရဲစခန်းအတွင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ခွာသွားသည်ကိုလည်း တွေ့ရကြောင်း တာမွေမြို့နယ်တွင် နေထိုင်သူအချို့ကဆိုသည်။

ပေါက်ကွဲမှုနှင့် ပတ်သက်ပြီး ဆက်လက်သိရှိရသည်များကို ဖော်ပြသွားပါမည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly